အမျိုးသားများ ထိပ်ပြောင်ခြင်းအတွက် ကုသမှုများ


အမျိုးသားထိပ်ပြောင်ခြင်း၁။ ဆေးဝါးများ သုံးစွဲခြင်း
- Minoxidil ကို ဦးရေပြား ပေါ် တိုက်ရိုက် လိမ်းပေးနိုင် ပါတယ်။ FDA မှ ခွင့်ပြုချက်ပေးပြီးဖြစ်ပါတယ်။ (Minoxidil ရဲ့ အာနိသင်က ဆံပင် တွေကို အာဟာရဓာတ်ပေးတဲ့ ဦးရေ ပြားမှာ သွေးလှည့်ပတ်မှုကို မြှင့်တင် ပေးပြီး Minoxidil လိမ်းဆေးထဲမှာ Azelaic Acid၊ ကဖင်း (Caffeine) တို့ ပေါင်းစပ်ထည့်သွင်းထားလေ့ ရှိပါတယ်။ Azelaic Acid၊ ကဖင်း တို့ဟာ တစ်မျိုးတည်းအနေနဲ့ ဆံပင် ပြောင် ကုသဆေးမဟုတ်ပေမယ့် ゞင်း တို့ဟာ သူ့နည်းသူ့ဟန်နဲ့ DHT ကို တားဆီးရာမှာပါဝင်ပြီး Minoxidil နဲ့ ပေါင်းစပ်တဲ့အခါ ရလဒ်ပိုမိုကောင်း မွန်စေပါတယ်)


- Finasteride ဆိုတဲ့ ဆီးကျိတ် ကြီးခြင်းမှာသုံးတဲ့ ဆေးတစ်မျိုးကို သောက်ဆေးအနေနဲ့ ပေးနိုင်ပါတယ်။FDA မှ ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ ၄င်းဟာ Testosterone ဆိုတဲ့ ကျား ဟော်မုန်းမှ DHT အဖြစ်ကို ပြောင်းလဲပေးတဲ့ အင်ဇိုင်းကို သွားပြီး ပေါင်းခြင်းအားဖြင့် DHT ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ DHT ဟာ အမျိုး သားများ ဆံပင်ကျွတ်ခြင်းဖြစ်စေနိုင် တဲ့ အကြောင်းရင်းများအနက် တစ်ခု ဖြစ်ပါတယ်။
၂။ ဆံပင်ဆိုက်ခြင်း
(Hair Transplant) ပြုလုပ်ပါ ဦးခေါင်းပေါ်က ဆံပင်အချို့ကို ပြောင်နေတဲ့နေရာမှာ ပြောင်းရွှေ့စိုက် ပေးခြင်းဖြစ်ပါတယ်။ အရေပြား ကူးစက်ပိုးဝင်ရောက်ခံရနိုင်ခြင်းနဲ့ ဈေးကြီးခြင်းတို့ ရှိပါတယ်။ ဒါပေမယ့် ရလဒ်မှာ ကောင်းမွန်ပြီး ရေရှည်ခံပါ တယ်။
၃။ ဆံပင်သန်အောင် အားပေးခြင်း
ဆံပင်ပေါက်တဲ့ အရင်းအမြစ် အိတ်ကလေးများ (Follicles) အားအင် ချည့်နဲ့တဲ့အခါ ပေါက်လာတဲ့ ဆံပင် လေးတွေဟာ မသန်စွမ်းဘဲ သေးငယ် နေပါတယ်။ ဆံပင်သက်တမ်းလည်း ကြာရှည်မခံဘဲ ကျွတ်ထွက်ကာ တဖြည်းဖြည်း ပါးလာပါတယ်။ ဆံပင် အိတ်တွေဟာ လုံးဝပျက်စီးမသွားသေး ဘဲ အကောင်းအတိုင်း အများကြီး ကျန်နေသေးတဲ့ အခုလိုအချိန်မှာ ဆံပင်သန်အောင် အားပေးလှုံ့ဆော်မှု များ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဥပမာ- ဦးရေပြား သွေးလှည့်ပတ်မှုကောင်းမွန် အောင် နှိပ်နယ်ပေးခြင်း၊ ဆံပင်ကျွတ် ခြင်းကို ဖြစ်စေတဲ့ ရောဂါများ (ဥပမာသွေး အားနည်းခြင်း၊ Anaemia၊ ငှက် ဖျား) ကို ကာကွယ်ခြင်း၊ မိမိနှင့် မတည့်သော ခေါင်းလျှော်ရည်များ မသုံးစွဲခြင်း စသည်တို့ဖြစ်ပါတယ်။
၎။ အင်ဆူလင် တုံ့ပြန်မူ မရှိခြင်းကို ကာကွယ်ပါ
သွေးထဲမှာ အင်ဆူလင်ပမာဏ များနေခြင်း Hyperinsulinemia ဟာ အမျိုးသားပုံစံ ဆံပင်ကျွတ်ခြင်း (Male Pattern Baldness) နှင့် ဆက်စပ်နေပါတယ်။ သွေးထဲမှာ အင်ဆူလင်များခြင်းဟာ ခန္ဓာကိုယ်က အင်ဆူလင်ကို တုံ့ပြန်မှုကျဆင်း လာခြင်း (Insulin Resistance) ကြောင့်ဖြစ်ပြီး ကစီဓာတ်ပါဝင်သော အစားအစာ များပြားစွာ စားသုံးခြင်း နှင့် ဆက်စပ်နေပါတယ်။ အဲဒါကို ပြု ပြင်ဖို့ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်း နှင့် ကိုယ်အလေးချိန်လျှော့ချခြင်းတို့ ပြုလုပ်ရပါမယ်။ တိတိကျကျ သက် သေပြထားတဲ့ သုတေသနတွေ မရှိ သေးပေမယ့် ကစီဓာတ် (ကာဗိုဟိုက် ဒြိတ်) အလွန်အကျွံ စားသုံးမှုရှောင် ရှားခြင်းနှင့် အဝမလွန်ဘဲ ကျန်းမာ ကြံ့ခိုင်အောင်နေခြင်းဟာ သင့်ခေါင်း မှာ ဆံပင်တွေ ဝေဆာနေစေမှာက တော့ အမှန်ပဲဖြစ်ပါတယ်။
၅။ လေဆာဘီး (Laser Comb)
အချို့နိုင်ငံတွေမှာ လေဆာဘီး ကို ဝယ်ယူနိုင်ပြီး ၄င်းဘီးဟာ ဆံပင် ကျွတ်သူတွေရဲ့ ဦးရေပြားအတွက် အထူးထုတ်လုပ်ထားကာ တစ်ပတ် လျှင် သုံးကြိမ်ခန့်ဖြီးပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံပင်ပြန်ပေါက်ခြင်းကို အားပေးတယ် လို့ ဆိုပါတယ်။
၆။ သဘာဝဆေးဖက်ဝင် အပင်လိမ်းဆေးများ
ဆံပင်သန်စေတဲ့ သဘာဝ ဆေးဖက်ဝင်အပင်များမှ ရရှိတဲ့ဆေး များ ဥပမာ-Saw Palmetto အသုံး ပြုခြင်းဖြစ်ပါတယ်။ အချိန်ကြာကြာ စွဲလိမ်းဖို့ လိုအပ်ပါတယ်။
Health Digest

No comments:

Post a Comment