အသည်းရောင် အသားဝါ ဘီပိုးကြောင့် နောက်ဆက်တွဲ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ရောဂါတို့ ဖြစ်လာနိုင်

အသည်းရောင် အသားဝါ ဘီရောဂါပိုးသည် ကမ္ဘာ့ လူဦးရေ တစ်ဝက်ခန့် ကူးစက် ပြန့်ပွားနေပြီး ယင်း၏ နောက်ဆက်တွဲ ရောဂါများ ဖြစ်သော အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ
 ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။


နှစ်စဉ်နှစ်တိုင်း အသည်းရောဂါ ဖြစ်ပွားသူဦးရေမှာ သန်းပေါင်း ၅ဝ ခန့် တိုးပွားနေပြီး နာတာရှည် အသည်းရောင် အသားဝါဘီ ရောဂါခံစားနေရသူမှာ သန်းပေါင်း ၃၅ဝခန့်ရှိကာ ယင်းတို့အနက် လူဦးရေ ၁ ဒသမ ၅ သန်းခန့်မှာ ရောဂါ၏ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်သော အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ တို့ကြောင့် သေဆုံးရကြောင်း အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ဟောပြောပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

ဘီပိုးသည်HIV ပိုးထက် အဆတစ်ရာခန့် ပိုမို ကူးစက်လွယ်ပြီး ရောဂါပိုး ရှိနေသော မိခင်မှတစ်ဆင့် သန္ဓေသားသို့ ကူးစက်ခြင်း၊ ပွန်းပဲ့ဒဏ်ရာ ရသော အရေပြားတို့မှ တစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုး ရှိသူနှင့် လိင်ဆက်ဆံခြင်း တို့ကြောင့် ကူးစက်နိုင်ကာ ရောဂါပိုး ကူးစက်ရန် အလားအလာ ရှိသူများမှာ ကျန်းမာရေး ဝန်ထမ်းများ၊ အရေးပေါ် ကုသမှုတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများနှင့် တခြားလုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းခွင်များမှ တစ်ဆင့် ရောဂါပိုး ဝင်ရောက်နိုင်ကြောင်း သိရပြီး အကြောဆေး သွင်းသူများတွင်လည်း ရောဂါပိုး ဝင်ရောက်ရန် အလားအလာ ရှိ၍ သွေးသွင်းခြင်းနှင့် သွေးသန့်စင်ခြင်းတို့ ပြုလုပ်ရာမှ တစ်ဆင့်လည်း ကူးစက်ဝင်ရောက်နိုင်သည်။

အဆိုပါ ရောဂါကို ကာကွယ်နိုင်သည့် နည်းလမ်း နှစ်မျိုးရှိနေပြီး ပထမ နည်းလမ်း သည် အသည်းရောင် အသားဝါဘီ ရောဂါဖြစ်ပွားပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသော သူ၏ သွေးမှ သီးခြားပဋိဇီဝ ပစ္စည်း အင်တီဘော်ဒီကို ယူ၍ ပိုးသေစေရန် အသုံးပြုကာ ဆေးထိုးပေးခြင်း အားဖြင့် ရောဂါကို ဆေးထိုးပြီး ၁၅ မိနစ်အတွင်း ကာကွယ်နိုင်သည်။ ဒုတိယ နည်းလမ်းမှာ Hepatitis B Vaccine ခေါ် ကာကွယ်ဆေး ဖြစ်သော တဆေးနှင့် သွေးရည်ကြည်တို့မှ ပြုလုပ်သော ကာကွယ်ဆေးကို အသုံးပြု၍ ကာကွယ်နိုင်ကြောင်း သိရသည်။

Written by ကေတု

မြ၀တီ

No comments:

Post a Comment