Sex after delivery ကလေးဖွါးပြီး အတူနေခြင်း

21 Dec 10, 12:43
ကလေး ဗိုက်ခွဲစိတ်မွေးပြီး ဘယ်လောက်ကြာရင် ဆက်ဆံလို့ ရမလဲဆိုတာ သိချင်ပါတယ်။
• LSCS (CS) ဗိုက်ခွဲမွေးပြီးနောက်
လင်-မယားအတူနေတာ တလခွဲ (၆) ပါတ်စောင့်ပါလို့ ဆရာဝန် အများဆုံးက အကြံပေးပါတယ်။
• ချုပ်ရိုးလဲကောင်း၊ ကလေးအမေလဲ နေကောင်းနေမှ ဒီရက်ကို ပြောတာပါ။
• မဟုတ်ရင် ၈-၁၂ ပါတ်ထိ စောင့်ရပါမယ်။
• အနေအထားလဲ ရွေးရင် ကောင်းပါတယ်။
• Normal labor ရိုးရိုးလမ်းကနေ ကလေးဖွါးပြီးနောက် ဘယ်တော့ ပြန်ဆက်ဆံနိုင်သလဲ ဆိုတဲ့မေးခွန်းကို ဆရာဝန် မဟုတ်သူတွေလဲ ဖြေတတ်ပါတယ်။ Folk wisdom လို့ ခေါ်တယ်။ သုတေသနလုပ် ပြောရတာ မဟုတ်ဘူး။
• ကာယကံရှင် အမျိုးသမီးကို ဆုံးဖြတ်စေသင့်တာ တရားမျှတတယ်။ သူက စောနိုင်တယ်ဆိုရင် ရတာပါ။
• ဒါ့ကြောင့် ၃ ပါတ်လို့ Williams Obstetrics က အကြံပြုတာ ရှိတယ်။
• နောက်ကျချင်သူတွေလဲ ရှိပါတယ်။
• ခွဲမွေးတာ မဟုတ်ဘဲ မွေးလမ်းကနေ မွေးပေမဲ့ Episiotyomy လမ်းကြောင်း ချဲ့မွေးရတာ၊ Tear and repair လမ်းကြောင်း စုတ်လို့ ချုပ်ရတာ၊ Forceps delivery ညှပ်ဆွဲမွေးတာ၊ Vaccum လေစုပ်ကရိယာသုံး မွေးတာတွေကိုပါ ထည့်စဉ်းစားရမယ်။
• နောက်ပြီး Lochia လို့ ခေါ်တဲ့ မွေးဖွါးပြီး ဆင်းတာက အနီရောင်ကနေ ပန်းရောင်ဖြစ်လာရင်ပြီး နည်းလာရင် သိပ်ကိစ္စမရှိတော့ပါ။
• ပုံမှန်အားဖြင့် ၂ ပါတ် ဆိုရင် အဲလိုဖြစ်လာပါပြီ။ ဆင်းတာက များမယ်၊ အနံ့အသက်ရှိမယ်၊ ဖျားနေမယ်ဆိုရင် ဆေးကုပါအုံး။
• သုတေသန မရှိတာတော့ မဟုတ်ပါ။ ၁၉၉၈ တုံးက Sexuality during Pregnancy and the Year Postpartum ဆိုတာ ထုတ်ပြန်ခဲ့တယ်။ တိတိကျကျ အားလုံးလက်ခံတဲ့ ရက်ကာလ မရှိဘူးတဲ့။ အကြမ်းဖျဉ်း ၅ ပါတ်ကနေ ၇ ပါတ်လို့ ဆိုတယ်။ ဒါတောင်မှ အမျိုးသမီး ၅ဝ% ကသာ ပြန်ဆက်ဆံမှု ပြုပါသတဲ့။
• ၆ ပါတ် စောင့်ရရင် နောက်ကိုယ်ဝန် မရစေမဲ့နည်း တခုခုသုံးရမှာကို မမေ့ပါနဲ့။

Dr. တင့်ဆွေ
၂၁-၁၂-၂ဝ၁ဝ

No comments:

Post a Comment