မသီတာထွေးအမှုအားကျူးလွန်သူ တရားခံနှစ်ဦးကို စစ်တွေသို့ပို့

မသီတာထွေးအမှု ကျူးလွန်သူ တရားခံနှစ်ဦးအား ဇွန်လ ၁၉ရက်နေ့က အမိန့်ချမှတ်လိုက်ပြီး ၄င်းတရားခံနှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၉ရက်နေ့က ကျောက်ဖြူတရားရုံးတွင် မသီတာထွေးအမှုနှင့်ပက်သက်၍ တရားခံ မာမတ်ရော်ဖီး (ခ) လှဝင်း နှင့် လူလု(ခ)ခေါ်ချီး(ခ)မြင့်ဆွေ(အဖြူ) တို့အား  ပုဒ်မ ၃၇၆(မုဒိမ်မှု)၊၃၉၂(လုယက်မှု)၊၃၀၂/၁(၈)(မသေမချင်းသတ်မှူ) တို့ကိုကျူးလွန်သည့်အတွက် ၃၂၀(၁)(ဂ) အရ သေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

“သူတို့နှစ်ယောက်ကို ကျောက်ဖြူတရားရုံးက သေမိန့်ချလိုက်ပြီး၊ အယူခံဝင်ခွင့် ၇ရက်ပေးထားတယ်။ ဒီနေ့ ကျောက်ဖြူ-စစ်တွေ လေယဉ်ခရီးစဉ်နဲ့ ကျောက်ဖြူကနေ စစ်တွေကို နေ့လည်ဘက် ၂း၃၀ နာရီမှာ ခေါ်ဆောင်သွားပြီ၊ ၇ရက်အတွင်း အယူခံမ၀င်ဘူးဆိုရင်တော့ စစ်တွေမှာဘဲ ကြိုးမိန့်ပေးမယ်ထင်တယ်”ဟု ကျောက်ဖြူ လူငယ်တစ်ဦးမှ ပြောပြသည်။

၎င်းတရားခံ နှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားရန်ရှိသဖြင့် ကျောက်ဖြူ-စစ်တွေ လေယဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များမှာ လိုက်ပါခွင့်မရခဲ့ကြောင်း သိရှိရသည်။ စစ်တွေလေဆိပ်တွင် စစ်ကား ၃စီးဖြင့် လုံခြုံရေးယူထားပြီး၊ လေဆိပ်အတွင်းသို့ မည်သူမှ ၀င်ခွင့်မရကြောင်းလည်း သိရှိရသည်။

by ကိုထွန်းနိုင်-အာရကန်တိုင်းမ်စ်

No comments:

Post a Comment