အယ်လ်ဇိုင်းမား လူနာများအတွက် သတင်းကောင်း



အယ်လ်ဇိုင်းမား လူနာများအတွက် သတင်းကောင်းနှလုံးရောဂါ လူနာ များတွင် တပ် ပေးရလေ့ ရှိသော နှလုံးနှိုးဆွ ကိရိယာ (Pacemaker) နှင့် အလားသဏ္ဌာန် တူသော ပစ္စည်းကိရိယာတစ်ခုကို ဦးနှောက်အတွင်း ထည့်သွင်းတပ်ဆင် ပေးခြင်းအားဖြင့် အယ်လ်ဇိုင်းမား သတိမေ့ရောဂါလူနာများအား ကုသ ပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဲဒီကိရိယာက ဦးနှောက်ရဲ့အစိတ် အပိုင်းအချို့ကို နှိုးဆွပေးခြင်းဖြင့် အကျိုးကျေးဇူးရရှိမှာဖြစ်ကြောင်း သိရ ပါတယ်။ ဒီကိရိယာက အယ်လ်ဇိုင်း မားကို လုံးဝပြန်ကောင်းသွားအောင် ကုသပေးနိုင်တာမဟုတ်သော်လည်းအချို့သော ဦးနှောက်အတွင်း လှုပ်ရှား မှုများ ပြန်လည်ရရှိအောင် ပြုလုပ်ပေး နိုင်ပါတယ်။ ဝေဒနာလက္ခဏာများ သက်သာသွားပြီး သတိမေ့ခြင်း၊ စိတ် ဓာတ်ကျခြင်းတို့ကို
လျော့နည်းစေနိုင် ကြောင်းလည်း သိရပါတယ်။
မောင်Ref: The Sun
Health Digest

No comments:

Post a Comment