Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား

 အပြောကောင်းပေမဲ့ အကောင်းဖြစ်ချင်မှ ဖြစ်မှာပါ။
• Pretty Poison or Harmless Cosmetic လှပသော အဆိပ်ဖြစ်နေပါသလား Blemishes မျက်နှာမှာ မလှတာလေးတွေ ဖြစ်နေလို့၊ Tan အသားအရေနဲနဲ ညိုညိုတိုတိုလေးဖြစ်ချင်လို့၊ ဆံပင် ဖြောင့်ချင်-ကောက်ချင်လို့၊ စတာတွေအတွက် အလှအပသုံး
ပစ္စည်းအမယ်ပေါင်းများစွာထဲက ကောင်းတယ်ဆိုတာထဲက တကယ်ကောင်းတာကို ရွေးသင့်တယ်။ အဲလိုပစ္စည်းတွေထဲမှာ ပါတာတွေက ဘယ်လောက်များ စိတ်ချရပါသလဲ။ သတင်းစာတွေ၊ မီဒီယာတွေက များသောအားဖြင့် Hype သည်းခြေကြိုက်ကိုသာ ရေးပါတယ်။ WebMD ကနေ သိပ္ပံပေတံနဲ့ တိုင်းကြည့်ထားတယ်။ သတိထားစရာတွေနဲ့ ရွေးချယ်စရာတွေ တွဲပေးလိုက်ပါတယ်။

• Keratin Straighteners သတိထားပါ (၁)
ဆံပင်အလှပြင်ဆိုင်တွေကနေ လုပ်ပေးနေတဲ့ Keratin hair treatments နည်းဆိုတာ ပိုးခြည်လို ချောမွေ့စေပြီး ဆံပင်ကို ထွေးမသွားစေဘူး။ Formaldehyde-free (ဖေါ်မယ်လဒီဟိုက်) မပါဘူးလို့လဲ ကြော်ညာတာလဲရှိတယ်။ ဒါပေမဲ့ (အိုရီဂွန်) က OSHA ရဲ့ လေ့လာချက်အရ အဲဒါတွေ တဝက်မကထဲမှာ ဒီဓါတ်တွေ ပါနေတာတွေ့ ရတယ်။ (ဖေါ်မယ်လဒီဟိုက်) နဲ့ ရေရှည်ထိတွေ့မှုကနေ ကင်ဆာကို ဖြစ်စေပါတယ်။ ဒီဆေးမျိုး တခါတလေသုံးတာနဲ့တော့ မဖြစ်စေနိုင်လောက်ပေမဲ့ ဆံသဆိုင်ကလူတွေအတွက် ခက်နိုင်တယ်။

• Conditioner and Flat Iron ရွေးစရာလမ်း (၁)
Conditioner (ကွန်ဒီရှင်နား) သုံးရင် Static electricity လျှပ်စစ်ကို ဖြေပေးနိုင်တာမို့ ဆံပင်ကို ချောမွေ့စေနိုင်တယ်။ ခေါင်း ခဏခဏ မလျှော်ရအောင် Flat iron နည်းသုံးရင် ပိုအဆင်ပြေမယ်။ Blow dryer လေပူမှုတ်ကရိယာ သုံးတာက အဲလောက် မထိရောက်ဘူး။

• Permanent Hair Dye သတိထားပါ (၂)
ဆံပင်ဆိုးဆေးနဲ့ ကင်ဆာ ဆက်စပ်မှုသုတေသနတွေက ရောထွေးတဲ့ ရလဒ်တွေရနေတယ်။ ဆံပင်ဆိုးဆေး အရောင်ရင့်တာမျိုး သုံးသူတွေမှာ မသုံးသူတွေထက် Leukemia (လူကီးမီးယား) နဲ့ Lymphoma (လင်ဖိုးမား) ပိုရစေနိုင်တယ်ဆိုတာ ရှိသလို အဲလို မဖြစ်ပါဘူး ဆိုတာလဲ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်သုံးလို့ ဘာမှမဖြစ်စေဘူး ဆိုတာကို သက်သေပြချက် မရှိသေးပါ။ တချို့ဆရာဝန်တွေကတော့ မွေးပြီးတဲ့အထိ စောင့်စေချင်ကြပါတယ်။

• Plant-Based Hair Dyes ရွေးစရာလမ်း (၂)
အပင်တွေကနေ လုပ်တဲ့ ဆံပင်ဆိုးဆေးကို အစားထိုးသုံးသင့်တယ်။ Henna နဲ့ Vegetable dyes စတာမျိုး။ ဒါပေမဲ့ ဓါတုဆိုးဆေးလောက်တော့ ချက်ချင်းအရောင်ပြောင်းစေတာတော့ အားမရချင်တာဖြစ်နိုင်တယ်။ ဗမာပြည်က တရော်-ကင်ပွန်း သုတေသန မတွေ့ဘူးသေးပေမဲ့ စိတ်ချလက်ချ သုံးနေခဲ့ကြတာ အလွန်ကို ကြာလှပြီ။ နောက်တနည်းကတော့ Special cap or Foil hair wrappers တွေသုံးရင် ဓါတုဆေးတွေက ကိုယ့်ဦးရေထဲကိုဝင်တာ နည်းစေမယ်။

• Crazy Contacts သတိထားပါ (၃)
Colored or patterned lenses မျက်စိအမြင်စွမ်းအားကို ဘာမှ မပြောင်းလဲစေတဲ့ အရောင်တွေ၊ ဒီဇိုင်းတွေထည့်ထားတဲ့ မျက်မှန်ကနေ လူပုံကိုတော့ ပြောင်းစေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဆရာဝန်လက်မှနဲ့ ဝယ်ရတာမဟုတ်တဲ့ မျက်မှန်မျိုး ရှောင်သင့်တယ်။ Contact lenses မျက်ကပ်မှန်မျိုးကတော့ အတိအကျဖြစ်မှ ကောင်းတယ်။ မဟုတ်ရင် (အင်ဖက်ရှင်) ပိုးဝင်လို့ မျက်စိကွယ်တာအထိ ဖြစ်စေနိုင်တယ်။

• Rx Colored Lenses ရွေးစရာလမ်း (၃)
ကိုယ့်အမေက မွေးပေးလိုက်တဲ့ မျက်စိအရောင်ကိုမကြိုက်လို့ ပြောင်းချင်ရင် တကယ့် လိုင်စင်ရ၊ ဆရာဝန်ကလဲ ညွှန်တဲ့ Colored contact lenses ကိုသာ သုံးပါ။ မျက်စိကြည့်ရတာ ကောင်းနေတိုင်း မျက်စိစစ်ဘို့ မလိုဘူး မဟုတ်ပါ။ မျက်မှန်ဆိုင်မှာ စစ်တာက မျက်စိကိုစစ်တာ မဟုတ်ပါ။ သေခြာပေါက် မျက်မှန်အလုပ်ခိုင်းပါလိမ့်မယ်။ မျက်စိအထူးကု ဆရာဝန်ကိုသာ အားကိုးပါ။

• Prescription Eyelash Serum သတိထားပါ (၄)
Latisse ကထုတ်တဲ့ ဆရာဝန်လက်မှတ်နဲ့သာရောင်းတဲ့ Serum (စီရမ်) ဆေးကနေ မျက်တောင်တွေကို ရှည်စေမယ်၊ လှစေမယ်။ အပေါ်မျက်တောင်ပေါက်တဲ့ မျဉ်းလေးမှာ ဆေးသုတ်ပေးရတယ်။ ၄ လနေရင် လိုချင်သလို ဖြစ်လာမယ်။ ဆေးဆိုတော့ ဘေးထွက်-ဆိုကျိုး ရှိတာလဲ သတိပြုပါ။ တချို့ဆိုးကျိုးက ရာသက်ပန် ဖြစ်စေနိုင်တယ်။ ဆေးနဲ့ ထိတဲ့ အနားက အရေပြားလဲ မဲသွားနိုင်တယ်။ ပြာနေတဲ့ မျက်လုံးအနက်ဖြစ်စေနိုင်တယ်။

• Eyelash Extensions ရွေးစရာလမ်း (၄)
False eyelashes မျက်တောင်အတု နဲ့ Eyelash extensions မျက်တောင်ရှည်စေတာမျိုးသုံးရင် ဓါတုဆေးမသုံးဘဲ လှပေစေမယ်။ ဒါပေမဲ့ ဒါတွေမှာလဲ သတိပြုစရာတွေ မကင်းဘူး။ ကပ်စေအာင်လုပ်တာကနေ မျက်ခွံကို ကလိနိုင်တယ်။ (အလာဂျီ) ရစေနိုင်တယ်။ Permanent eyelash tints ရာသက်ပန် ရှည်စေ-ထူနေစေတာမျိုးဆိုရင် ထိခိုက်မှု ဖြစ်စေနိုင်တယ်။ ရာသက်ပန်ဆိုးဆေးမှန်သမျှ FDA က အသိအမှတ် ပြုမထားပါ။

• Hydroquinone သတိထားပါ (၅)
Melasma ခေါ်တဲ့ တင်းတိတ်၊ Age spots အသက်ရလို့ဖြစ်လာတဲ့ အစက်အပျောက်၊ Dark patches အရောင်ရင့် အကွက်မျိုး သက်သာအောင် အရေပြား အထူးကုဆရာဝန်တွေနေလဲ ညွှန်တတ်တဲ့ Hydroquinone ဆေးဆိုတာ ရှိတယ်။ ကြာကြာသုံးရင် အရေပြား အရောင်ပြောင်းစေတယ်။ တိရစ္ဆာန်တွေမှာ စမ်းတော့ ကင်ဆာနဲ့ဆက်နေတာ တွေ့ရတယ်။ လူကိုတော့ မပြောနိုင်ပါ။

• Laser Skin Resurfacing ရွေးစရာလမ်း (၅)
Laser လေဆာနည်းသုံးရင် အရေပြားရဲ့ အပေါ်ဆုံးအလွှာလေးကို ပြင်ပေးနိုင်တယ်။ သက်သာစေမယ်။ ဓါတု ပြောင်းလဲမှုမျိုး မရစေဘူး။ ဈေးတော့ကြီးတယ်။ နဲနဲနာမယ်။ အမာရွတ်ဖြစ်ချင် ဖြစ်တတ်တယ်။

• Tanning Beds သတိထားပါ (၆)
အရေပြား သိပ်အဖြူကြီးဖြစ်မနေအောင် တကိုယ်လုံးကိုလုပ်ပေးနည်း စိတ်ချရတယ်ဆိုတာကို ဖတ်ပြီးသိနိုင်ပါလိမ့်မယ်။ ခဏခဏသုံးရင်တော့ Melanoma အရေပြားကင်ဆာ ဖြစ်နိုင်ခြေရှိတယ်။ UVA rays ရောင်ခြည်ကို သုံးတယ်။ အရေးအကြောင်းထင်တာ၊ အညိုစက်တွေဖြစ်လာတာမို့ အသက်ကို ပိုအိုစာစေသလိုထင်စေနိုင်တယ်။ အားမနာတမ်း ပြောရရင် ဖြစ်စေချင်သလို ခပ်ညိုညိုလေးဖြစ်လာတာဟာ အရေပြားကိုထိခိုက်သွားအာင် လုပ်လိုက်တာပါဘဲ။

• Sunless Tanning Products ရွေးစရာလမ်း (၆)
DHA ဆေးပါတဲ့ နေလောင်စေတာ မပါတဲ့ Sunless tanning lotions အသားအရေ ညိုစေတဲ့ လိမ်းဆေးကနေ အရေပြားထဲက (အမိုင်နို-အက်စစ်) နဲ့ ဓါတ်ပြုစေရာကနေ အဲလိုဖြစ်စေတယ်။ DHA ကို FDA ကနေ အသိအမှတ် ပြုထားပါတယ်။ Spray tanning booths အတွက်မဟုတ်တာ သတိထားပါ။ မျက်စိထဲ မဝင်စေရဘူး။ နေရောင်ထိရင် Sunscreen မသုံးဘဲမနေပါနဲ့။ အခုဆေးက နေရောင်ကို အကာအကွယ် မပေးနိုင်ပါ။

• Nail Salon Hazards သတိထားပါ (၇)
Manicure products ခြေသည်း-လက်သည်း အလှပြုပြင်နည်းမှာ သုံးတာတွေထဲမယ် ဓါတုပစ္စည်းတွေပါတယ်။ ဥပမာ Formaldehyde, Phthalates, Acetone နဲ့ Toluene တွေပါနေတယ်။ အငွေ့တွေကနေ အရေပြား၊ မျက်စိ၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်းတွေကို ကလိစေနိုင်တယ်။ နောက်ပြီး ကရိယာတွေကို ပိုးသန့်တာ မသေခြာရင် (ဖန်းဂတ်စ်) နဲ့ (ဗက်တီးရီးယား) တွေ ဝင်လာစေနိုင်တယ်။

• Minimize Risks ရွေးစရာလမ်း (၇)
ကိုယ်သွားမဲ့ အလှပြင်ဆိုင်ကို မဝင်ခင် အရင်ကြည့်ပါ။ သန့်သလား၊ ပြောတာနဲ့ လုပ်တာ ဟုတ်ရဲ့လား။ ခြေသည်း-လက်သည်း မပြင်ခင် ခြေမွှေးရိတ်တာ မလုပ်ပါနဲ့။ ကိုယ့်မှာ အနာအဆာရှိနေချိန် အလှပြင်ဆိုင်မသွားပါနဲ့။

• Phthalates သတိထားပါ (၈)
အလှသုံးတာတွေ ခေါင်းလျှော်ရည်၊ (ပေါလစ်ရှ်)၊ ဆပ်ပြာ၊ ကလေးကစားစရာတွေ၊ အစားအသောက် ထုပ်ပိုးတာတွေထဲမှာ Phthalates ဆိုတဲ့ ဓါတုပစ္စည်းပါတယ်။ ဒီဆေးမျိုးက ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးသင့်ဘူး။ ကလေးက ယောက်ျားလေး ဖြစ်နေရင် ထိခိုက်နိုင်တယ်။ ဟော်မုန်းနည်းစေပြီး ယောက်ျားမပီသစေဘူး။ အတိအကျပြောနိုင်တာတော့ မဟုတ်သေးပါ။

• Phthalate-Free Products ရွေးစရာလမ်း (၈)
Phthalate-free beauty products ဒီဓါတုဆေးမပါတာ ရွေးတတ်ရင် ရွေးပါ။ Dibutylphthalate, Dimethylphthalate, diethylphthalate ဆိုတာ မပါတာကိုရှာပါ။ Butyl ester နဲ့ Plasticizer မပါတာကိုသုံးပါ။ ကြမ်းပြင်တွေ၊ ရေချိုးခန်း အကာတွေမှာလဲ ဒါမျိုးပါတယ်။

• Parabens သတိထားပါ (၉)
Parabens ဆိုတာလဲ Makeup (မိတ်ကပ်)၊ Moisturizers စိုစွပ်နေစေဘို့သုံးတာ နဲ့ Hair care products ဆံပင်အတွက် သုံးတာတွေထဲမှာ ပါတယ်။ လေ့လာမှုတခုက ရင်သား-အကျိတ်နဲ့ဆက်စပ်တာ သိရတယ်။ ကင်ဆာလို့တော့ မပြောနိုင်ပါ။

• Paraben-Free Cosmetics ရွေးစရာလမ်း (၉)
Paraben မပါတာ ရှာသုံးပါ။ ဒီဆေးက တာရှည်ခံစေဘို့ ထည့်ရတာဖြစ်တယ်။ Vitamin C နဲ့ Vitamin E တွေ သုံးတာမျိုး ကောင်းပါတယ်။

• Makeup Expire date (မိတ်ကပ်) တွေလဲ ရက်လွန်ရင်
(ဗက်တီးရီးယား) ဝင်လာစေနိုင်တယ်။ Foundation ၁ နှစ်သာခံမယ်။ Blush, Powder, Shadow တွေက ၂ နှစ်သာခံမယ်။ Lipstick ၁ နှစ်သာခံမယ်။ Mascara ၃-၄ လသာခံမယ်။ Eye makeup ကို မျက်စိနာနေရင် မသုံးပါနဲ့။ Mineral Makeup (မင်နရယ်-မိတ်ကပ်) ထဲမှာ ကလိစေတာမျိုး တာရှည်ခံစေတာမျိုး နည်းတယ်။ ဒါပေမဲ့ မတည့်တဲ့သူတွေ မတည့်တာဖြစ်မယ်။ ဒါတွေထဲမှာ Titanium dioxide လို Zinc oxide လို ပါနေတာက Sunscreen သဘောဖြစ်တယ်။ ဒါပေမဲ့ မလုံလောက်ပါ။

• Sunscreen နေလောင်ခံ
နေလောင်ခံတွေကို သုံးနေတာကြာလို့ စိတ်ချရတယ်။ ဒါပေမဲ့ သိပ်ပျော့တာမျိုးက မလုံလောက်ပါ။ အရေပြား-ကင်ဆာ ဖြစ်စေနိုင်လောက်တဲ့ UVA နဲ့ UVB rays တွေကိုကာကွယ်နိုင်ဘို့ broad spectrum လို့ရေးထားတာမျိုး နဲ့ SPF 30 နဲ့ အထက်ကိုသာ ရှာသုံးပါ။

Dr. တင့်ဆွေ
၁၆-၃-၂ဝ၁၂

No comments:

Post a Comment