Skype သို့ ငွေပေးချေနိုင်သည့် ၀န်ဆောင်မှုဝက်ဆိုဒ် စတင်

အွန်လိုင်းမှတစ်ဆင့် နိုင်ငံပေါင်း ၁၈၀ ကျော်သို့ ဖုန်းခေါ်ဆိုနိုင်သည့် Skype ဖုန်းခေါ်ဆိုမှု စနစ်ထဲသို့ ငွေဖြည့်တင်းနိုင်သည့် Website ဝန်ဆောင်မှုကို ယခုလမှ စ၍ လွှင့်တင်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှု ဝက်ဘ်ဆိုက်မှာ www.mmskype.com  ဖြစ်ပြီး ငွေဖြည့်တင်းရာတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅  ဒေါ်လာမှ စ၍ ငွေဖြည့်တင်းရမည်ဖြစ်ပြီး ငွေသားကို MyanPay Online Payment Gateway မှတစ်ဆင့် ပေးချေနိုင်ကြောင်း သိရသည်။
ထို့အပြင် အင်တာနက်ဆိုင်များအတွက် ပိုမိုအဆင်ပြေလွယ်ကူစေနိုင်သည့် Skype Credit Plan များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။
ငွေပေးချေစဉ် အတောအတွင်း skype Username ကို တစ်ခါတည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။ ငွေပေးချေစနစ်ကိုတော့ Myanpay ကို အသုံးပြု ငွေပေးချေရမှာ ဖြစ်ပါတယ်။ ငွေပေးချေပြီးတာနဲ့ အသုံးပြုသူရဲ့ Skype  အကောင့်ထဲကို Skype Credit ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် ဝန်ဆောင်မှုကို အလွယ်တကူ မေးမြန်းနိုင်ဖို့ Live Chat ကိုလည်း ထည့်သွင်းထားပါတယ် ဟု အဆိုပါ Website ၏ တာဝန်ရှိသူက ပြောသည်။

 ငွေပေးချေပြီးပါက မိမိ၏ Skype  အကောင့်ထဲသို့ မိမိပေးချေလိုက်သော ငွေပမာဏ ရောက်ရှိလာ မည် ဖြစ်ကြောင်း ၄င်းဝက်ဘ်ဆိုက်မှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါကဏ္ဍအတွက် Plan များမှာ Unlimited Country Plan နှင့် Unlimited World Plan တို့ဖြစ်ကြောင်း သိရသည်။ Unlimited Country Plan တွင် နိုင်ငံတစ်နိုင်ငံသို့ တစ်လအတွင်း အကြိမ်အရေ အတွက်၊ မိနစ်အကန့်သတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ပြီး   နိုင်ငံရွေးချယ် ဝယ်ယူနိုင်ကြောင်း ကိုလည်း သိရသည်။
Unlimited World Plan ၌ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်ကို တစ်လအတွင်း အကြိမ်ရေ၊ မိနစ်ရေ အကန့်အသတ်မရှိ ခေါ်ဆိုနိုင် မည် ဖြစ်သည်။

ဥာဏ်ဥာဏ် (မြစ်မခ)
 

No comments:

Post a Comment