ထိုင်းနိုင်ငံ၏ စတုတ္ထအကြီးဆုံး ကာစီကွန်ဘဏ် (Kasikorn Bank) ၏ ဘဏ်ကိုယ်စားလှယ်ရုံး ရန်ကုန်မြို့တွင် ဖွင့်လှစ်

thn-7-1-13
Kasikorn Bank ဘဏ်ကိုယ်စားလှယ်ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့စဉ်
ထိုင်းနိုင်ငံ၏ စတုတ္ထ အကြီး ဆုံးဘဏ်ဖြစ်သော ကာစီကွန်ဘဏ် (Kasikorn Bank) ၏ ဘဏ်ကိုယ်စားလှယ်ရုံးကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ အမှတ် ၃၁၃/၃၁၅ တွင် ဇန်န၀ါရီ ၉ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါဘဏ်၏ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်သည့် အခမ်းအနားသို့ ဘဏ် Executive Vice President နှင့် တာဝန်ရှိများ၊  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ကာစီကွန်ဘဏ်သည် ထိုင်းနိုင်ငံတွင် ဘဏ်ခွဲပေါင်း ၈၂၄ ခုကို ဖွင့်လှစ်ထားရှိပြီး  ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင်လို၍ ယခုလို ဘဏ်ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်များကို ဖွင့်လှစ်ခွင့်မပြုသေး၍ ဘဏ်ကိုယ်စားလှယ်ရုံး အနေဖြင့်သာ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဗဟိုဘဏ်မှ ခွင့်ပြုပါက မြန်မာနိုင်ငံထဲရှိ ဘဏ်လုပ်ငန်း လုပ်ကိုင်နေသော Partner ဖြစ်သည့် ဘဏ်များနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း  အဆိုပါဘဏ်၏ Executive Vice President ဖြစ်သူ Mr. Song pol Chevapanyaroj က ပြောသည်။
ထိုင်းနိုင်ငံတွင် ကာစီကွန် ဘဏ် (Kasikorn Bank Public Company) ကို ၁၉၄၅ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ပထမဆုံး နိုင်ငံခြားဘဏ်ခွဲအား လန်ဒန်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့နှင့် လော့အိန်ဂျလိစ်မြို့များတွင် ဘဏ်ခွဲများ ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။

ထို့အတူ ထိုင်းနိုင်ငံပိုင် Krung Thai Bank(KTB) ကလည်း မြန်မာနိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးခန်းကို မကြာသေးမီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment