အသက်ရှည်ခြင်းအကြောင်း


(၁) သပ္ပါယကာရီ=ကျန်းမာ, သက်ရှည်ရေးနှင့် သင့်လျော်အောင် ပြုလုပ်လေ့ရှိခြင်း၊
ကျန်းမာရေး လေ့ကျင့်ခြင်း၊ အချိန်မှန် လမ်းလျှောက်ခြင်း၊ အချိန်မှန် အိပ်ခြင်း၊ အချိန်မှန် စားခြင်း၊ ရေကို လုံလောက်အောင် သောက်ခြင်း၊ ဥတုရာသီ မျှညီအောင် နေထိုင်ခြင်း။
(အနေမတတ်လျှင် အသက်တိုတတ်သည်)

(၂) သပ္ပါယေ မတ္တံ ဇာနာတိ=ကျန်းမာရေးအတွက် သင့်လျော်သော်လည်း အတိုင်းအရှည်ကို သိခြင်း။
(တန်ဆေး, လွန်ဘေး ဖြစ်၍ အသက်တိုတတ်သည်)

(၃) ပရိဏတဘောဇီ စ ဟောတိ=အစာစားရာ၌ မိမိအတွက် ကျေလွယ်မည့် အစာကိုသာ ရွေးချယ် စားသောက်ခြင်း။
(အစာမကျေက အသက်အန္တရာယ် ဖြစ်တတ်သည်)

(၄) ကာလစာရီ စ ဟောတိ=အချိန်နှင့် အချိန် သွားလာရခြင်း။
(အချိန်မဲ့ သွားလျှင် အသက်အန္တရာယ် ကြုံရတတ်သည်)

(၅) ဗြဟ္မစာရီ စ=မေထုန်မှုကို ရှောင်ကြဉ်ရခြင်း။
(မေထုန်မှုသည် အသက်တိုစေတတ်သည်)

(၆) သီလဝါ စ=အကျင့်သီလ ရှိခြင်း၊ ကိုယ်ကျင့်တရား မပျက်ခြင်း။
(ကိုယ်ကျင့်တရားပျက်လျှင် အသက်တိုတတ်သည်)

(၇) ကလျာဏမိတ္တော စ=မိတ်ကောင်း ဆွေကောင်း ရှိခြင်း၊ ကျန်းမာရေးကို ညွှန်ပြတတ်သူ ဆရာဝန်, ဆေးဆရာ, စာရိတ္တ ကောင်းသော မိတ်ဆွေများ ရှိခြင်း။
(ပါပမိတ္တနှင့် ပေါင်းလျှင် အသက်အန္တရာယ် ကြုံရတတ်သည်)
ဤကား အာယုဿသုတ် အဆိုတည်း။

No comments:

Post a Comment