အများပြည်သူအတွက် လုပ်ငန်းများ အချိတ်အဆက်ရှိဖို့ ပြည်တွင်းနဲ့ပြင်ပ ပူးပေါင်းမည်

ကရင်နီပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ကာလအတောအတွင်း အများပြည်သူအတွက် လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ပြည်တွင်းနဲ့ ပြည်ပက လူထုကိုယ်စားပြု လူမှုအသင်းအဖွဲ့တွေ အတူတကွပူးပေါင်းသွားကြမယ် လို့သိရပါတယ်။

״နောက်အနာဂါတ်အတွက် ကျနော်တို့ ပြည်တွင်း CBO’sတွေနဲ့ နယ်စပ် CBO’sတွေ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာဖို့အတွက် ကျနော်တို့  Network အဖွဲ့လိုတယ်ဆိုပြီးတော့မှ Network တဖွဲ့ ဖွဲ့လိုက်တယ်လို့ ပြောရမှာပေါ့ ״လို့ကရင်နီ ဿသနာ ဖွံ့ဖြိုးရေး ကော်မီတီ KnRCDC က ဥက္ကဌ ခူတော်ရယ်သက် ကပြောပါတယ်။

ပြည်တွင်းပြည်ပ CBO အဖွဲ့များ ကွန်ယက် ဆက်သွယ်ရေး workshop တစ်ခု၌တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ကရင်နီပြည်အတွင်း အများပြည်သူအတွက် အလုပ်အကျွေးပြုရာမှာ
ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ပြည်တွင်းက လူမှုကိုယ်စားပြုအဖွဲ့တွေနဲ့ ပြင်ပကလူမှုကိုယ်စားပြုအသင်းအဖွဲ့တို့ ပူးပေါင်းပြီး Network Group ဖွဲ့စည်းလိုက်တာပါ။
`အမှန်က ကိုယ့်ဟာကိုယ်က နှစ်ပိုင်းလိုမျိုးဖြစ်နေတယ်။ ပြည်တွင်းကတဖွဲ့နဲ့ နယ်စပ်က တဖွဲ့ဖြစ်နေတော့ ပြီးခဲ့တဲ့ဇွန်လ ၅၊ ၆ ရက်နေ့တုန်းက သွားတွေ့လိုက်တာနဲ့ အဲမှာ တဖွဲ့တည်းပြန်ဖြစ်နေပြီ။ အခု ကျနော်တို့ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမလဲ။ ရှေ့ဆက်လုပ်ငန်းတွေဆိုရင် အကြမ်းအားဖြင့် ၃ချက်လောက်တော့ ရှေ့ဆက်လုပ်ငန်းစဉ် ထွက်လာပြီ`လို့ ကရင်နီ လူမှုအသင်းအဖွဲ့ ဆက်စပ်ဆောင်ရွက်ရေးအဖွဲ့ KCSN က ပြောရေးဆိုခွင့်ရှိသူ ခူးမီရယ်က ပြောပါတယ်။
ကိုယ့်ကိုယ်ကို စွမ်းရည်မြင့်တင်ရေးနဲ့ လူထုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စွမ်းရည်မြင့်တင်ရေး၊ အဖွဲ့အစည်း အခိုင်အမာရပ်တည်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးခရီးစဉ်အတွင်း နှစ်ဦးနှစ်ဖက်က လူ့အခွင့်အရေးချိုးဖောက်မှုကို လေ့လာစောင့်ကြည့်ရေးအတွက် Network Group ကို ပြည်တွင်းက CBO’s ၅ ဦးနဲ့ ပြည်ပက CBO’s ၅ဦးတို့ကစုစည်းပြီး အတူတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment