အပစ်အခတ် ရပ်စဲရေး အခြေအနေကို ၀န်ကြီး ဦးအောင်မင်း ရှင်းလင်း


Written by ရွှေဟင်္သာသတင်းဌာန

Ag_Minကချင် လွတ်လပ်ရေး တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေး အောင်မြင် လိမ့်မည်ဟု ယနေ့ မွန်းလွှဲ (၁၂) နာရီတွင် နေပြည်တော် စက်မှုဝန်ကြီး ဌာန၌ ကျင်းပသော သတင်း မီဒီယာ တွေ့ဆုံပွဲတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြား ခဲ့ပါသည်။
“ကေအိုင်အေ နဲ့ကတော့
ပစ်ခတ်နေကြတာ တနှစ်ကျော် နေပြီးလေ။ အခု ဆွေးနွေးနေပြီး ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးတော့ ရတော့မှာပါ။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်လာရင် အဲဒီအတွက် စစ်ဆေးနိုင်မဲ့ စစ်မြေပြင် လေ့လာ စောင့်ကြည်ရေး အဖွဲ့ကိုလည်း ဖွဲ့စည်းသွားမယ် ” ဟု ဦးအောင်မင်းက ပြောပါသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အဖွဲ့သည်၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ရာနှုန်းပြည့် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် မတိုင်မှီ၌ ငြိမ်းချမ်းရေး ညီလာခံ တရပ်ကိုလည်း ကျင်းပ သွားမည် ဖြစ်သည်ဟု ဆိုပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပြီး၊ အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖေါ်နိုင်ပြီး နောက်ပိုင်း (၁၁) လတာ ကာလတွင် ကယား ပြည်နယ်၌ တိုက်ပွဲတစ်ကြိမ်သာ ဖြစ်ခဲ့ပြီး ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်မှာမူ ဖြစ်ပွားမှု မရှိခဲ့ကြောင်း ကချင်ပြည်နယ်၌ လည်း ၅၀ ရာခိုင်နှုန်းခန့် တိုက်ပွဲများ လျှော့ကျ နေပြီးဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီက သတင်း ထုတ်ပြန်သည်။

No comments:

Post a Comment