မြန်မာ ကလေးများ အတွက် ဂျက်ကီချန်း ကူညီမည်

Jacki_Chan_0009နာမည်ကျော် အက်ရှင် မင်းသားနှင့် ကုလ သမဂ္ဂ၏ နှလုံးလှ သံတမန် ဂျက်ကီချန်းသည် မြန်မာနိုင်ငံသို့ ယခု သီတင်းပတ် အတွင်း လာရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (United Nations Children's Fund) က ဇူလိုင် ၃ ရက်နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။ ဂျက်ကီချန်းသည် ၎င်း၏ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကလေး သူငယ်များ လူကုန်ကူး ခံရမှု တိုက်ဖျက်ရေးတွင် ကူညီ သွားမည်ဖြစ်သည်။
ဂျက်ကီချန်းသည် မြန်မာနိုင်ငံရှိ ကုလ သမဂ္ဂ အထောက်အပံ့ဖြင့်
ဖွင့်လှစ်ထားသော လူကုန်ကူး ခံခဲ့ရသည့် ကလေး သူငယ်များ အသက်မွေး ဝမ်းကျောင်းမှု သင်တန်းကျောင်းသို့ သွားရောက်ကာ လူကုန်ကူး ခံခဲ့ရပြီး ပြန်လည် ကယ်တင်နိုင်ခဲ့သော ကလေး သူငယ် များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဂျက်ကီချန်းသည် လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေး နွေးမည်ဖြစ်သည်။

from :http://www.phophtaw.org/burmese/index.php/news/internation-news/1818-2012-07-04-03-18-30.html

No comments:

Post a Comment