တချို့က
အင်တာနက် ဆိုင်ရောက် ရင် သီချင်းအေးအေး ဆေးဆေးနား ထောင်ပြီး
လုပ်စရာရှိတာကို လုပ်တတ် တဲ့သူတွေရှိပါတယ်။ အဲ့လိုမျိုး သီချင်း ကို အေးအေး
ဆေးဆေးနားထောင်ချင် တဲ့သူတွေအတွက် အင်္ဂလိပ်သီချင်း ကောင်းကောင်းလေးတွေကို
အင်တာနက် ပေါ်ကနေ Download ပြုလုပ်စရာမလို ဘဲ တိုက်ရိုက်နားထောင်နိုင်မယ့်
ဆိုက် လေးကိုညွှန်ပြပေးချင်ပါတယ်။အဲဒီ ဆိုက်ပေါ်က တစ်ကမ္ဘာလုံးမှာ လူကြိုက် အများဆုံး Top ၁၀ဝ ဖြစ်နေတဲ့ သီချင်း တွေကို ဖော်ပြပေးထားပါတယ်။ အဲဒီ ဆိုက်ပေါ်ကနေပဲ သီချင်းကိုကြိုက်တယ် ဆိုရင် MP3 နဲ့ Video ဖိုင်တွေ ဒါမှ မဟုတ် Album တစ်ခုလုံးကို iTune၊ Amazon ပေါ်ကနေ ဝယ်နိုင်ဖို့လည်း
စီစဉ်ပေးထားသလိုပဲ ကြိုက်နှစ်သက်တဲ့ သီချင်းရဲ့ စာသားတွေကိုလည်း ကြည့် ရှုနိုင်သလို Ringtone နဲ့ Wallpaper တွေကိုလည်း Download ပြုလုပ်နိုင် အောင် စီစဉ်ပေးထားပါသေးတယ်။ တကယ်လို့ ဝင်ရောက်ကြည့်ရှုချင်တယ် ဆိုရင် www.thetop100songs.com မှာ ဝင်ရောက်အသုံးပြုလို့ရမှာပါ။
No comments:
Post a Comment