အပြန်အလှန် မျက်နှာမြင် ပြောဆိုနိုင်သော အင်တာနက်ဖုန်း ပြောခြင်း လူကြိုက်များ



အပြန်အလှန် မျက်နှာမြင် ပြောဆိုနိုင်သော အင်တာနက်ဖုန်း ပြောခြင်း လူကြိုက်များအင်တာနက်မှ တစ်ဆင့် အခမဲ့ဖုန်းခေါ် ဆိုနိုင်ပြီး အပြန် အလှန် မျက်နှာမြင် ပြောဆိုနိုင် သော အင်တာနက်ဖုန်း ပြောဆို ခြင်း၊ လူကြိုက် များလာပြန်ပြီ ဖြစ်သည်ဟု သုံးစွဲသူ များနှင့် ဖုန်း ခေါ်ဆိုရန်သုံးသည့် အသုံးပြုသူ များကပြောသည်။ အဆိုပါေapplication မှာTango ဖြစ်ပြီး အရုပ် ပါမြင်နိုင်သောကြောင့် သုံးစွဲသူ များ ပိုမိုကြိုက်နှစ်သက်လာခြင်း ဖြစ်သည်ဟု သုံးစွဲသူများက ပြော သည်။
ယခင်က အွန်လိုင်းပေါ်မှ တစ်ဆင့် အခမဲ့အသုံးပြုနိုင်သော Viber application ကိုသုံးစွဲရာမှ ယခု နောက်ပိုင်းတွင် အရုပ်ပါ မြင်ရ သည့်Tango ကို အသုံးပြုမှု များ ပြားလာခြင်းဖြစ်သည်ဟု သိရသည်။
မိုဘိုင်းဖုန်း အရောင်းဆိုင်တစ် ဆိုင်က “မိုဘိုင်းဖုန်းနဲ့ အင်တာ နက်ရှိတဲ့နေရာမှာအခမဲ့သုံးနိုင်တဲ့ ဆော့ဖ်ဝဲလ်တွေ အခုကလူတွေသုံးလာတာများပါတယ်။ အရင်
တုန်းကViber ကိုသုံးပါတယ်။ အခု နောက်ပိုင်းတော့Tango ကိုသုံးလာ ပြန်ပါပြီ။ အဲဒါတော့အခု လူကြိုက် တော်တော်များနေပါတယ်။ အရုပ် ပါမြင်ရလို့ကြိုက်ကြတာပါ။ သုံးနေ တာတော့ နှစ်လလောက်ရှိပါပြီ။ ပို ကြိုက်တာက အရုပ်ပါမြင်ရလို့ပါ။ အရင် Viber သုံးတဲ့သူတွေ ပြောင်း သုံးနေကြပြန်ပါပြီ။ သုံးရတာတော့ အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ အရင်လိုသုံးနိုင်ပါတယ်။ နှစ်ဖက်စလုံး အဲဒီ application ကို ထည့် ထားမယ်ဆိုရင် သုံးလို့ရပါပြီ။ ဝိုင် ဖိုင်ရတဲ့နေရာဆို free သုံးလို့ရတာ ပေါ့။ မရှိရင် ဖုန်းမှာ အင်တာနက် တပ်ထားမယ်ဆိုရင်လည်း သုံးလို့ ရပါပြီ”ဟု ပြောသည်။
ကိုယ်တိုင်အသုံးပြုသူတစ်ဦး က “ကျွန်တော်ကတော့ အင်တာ နက်ကနေ အခမဲ့ဖုန်းခေါ်နိုင်တဲ့ application တွေတော်တော်များများ သုံးပါတယ်။ ဖုန်းအခမဲ့ပြောလို့ရ တယ်။ ကျွန်တော်က နိုင်ငံခြားကကျွန်တော့်မိတ်ဆွေတွေနဲ့ပြောတဲ့ အခါသုံးတယ်။ အခုနောက်ပိုင်း တော့Tago ကိုသုံးနေပါတယ်။ သူက ရုပ်ပါမြင်ရတော့ အဆင်ပြေ ပါတယ်။ ပုံကြည့်ပြီးပြောလို့ရတာ အားသာပါတယ်။ ဒါကြောင့်အခု တော့ သုံးနေပါတယ်"ဟု ပြော သည်။
အိုင်တီပညာရှင်တစ်ဦးက “အင်တာနက်ကနေ ဖုန်းခေါ်နိုင်တဲ့ application တွေ အများကြီးရှိပါ တယ်။ ကိုယ်တိုင်လည်း စမ်းသုံးပါ တယ်။ တော်တော်များများ သုံးဖြစ် ပါတယ်။ Viber လည်းသုံးပါတယ်။ Tango လည်းသုံးပါတယ်။Tango က ပုံပါမြင်ရတော့ သုံးရတာပိုကောင်း ပါတယ်။ အဲဒါကြောင့် အခုနောက် ပိုင်းလည်းသုံးတာများလာပါတယ်။ ကျွန်တော်ကတော့ တော်တော် များများစမ်းသုံးပါတယ်။ အားသာ ချက်တစ်ခုနဲ့တစ်ခု မတူဘူးပေါ့” ဟု ပြောသည်။

No comments:

Post a Comment