အိပ်စက်ခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် မှတ်ဉာဏ်


အိပ်စက်ခြင်းနှင့် မှတ်ဉာဏ်ဆက်စပ်မှု
နေ့လယ်နေ့ခင်း ခေတ္တအိပ်စက်ခြင်း Afternoon nap သည် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်သော အကျိုးပြုနိုင်သည်ဟု တွေ့ရှိရပါသည်။ မကြာသေးမီကာလက ဂျာမန်သုတေသန ပညာရှင်များသည် စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ရာ စမ်းသပ်မှုတွင် ပါဝင်သူများကို လှုပ်လှုပ်ရှားရှား မပြုလုပ်ခင်နှင့် ခေတ္တအိပ်စက်ခြင်း မပြုခင်တွင် စကားလုံး စာရင်းများကို မှတ်သားခိုင်းပါသည်။ ထို့နောက် လှုပ်ရှားမှု ပြုလုပ်ပြီးချိန်နှင့် အနားယူအိပ်စက်ပြီးချိန်များတွင် ပြန်လည်ရွတ်ဆိုခိုင်းရာ အိပ်စက်မှုပြုပြီးမှ ရွတ်ဆိုရာတွင် မှတ်ဉာဏ်စွမ်းအား အထူးပိုမို ကောင်းမွန်ကြောင်းကို စမ်းသပ်တွေ့ရှိရပါသည်။ ဤစမ်းသပ်ချက်ကို အိပ်စက်ခြင်းနှင့် ပတ်သက်သော သုတေသနဂျာနယ် Journal of Sleep Research တွင် ဖော်ပြထားပါသည်။

sleepingh.jpg

အိပ်ရေးပျက်ခြင်းနှင့် မှတ်ဉာဏ်ချို့ယွင်းမှု
အိပ်စပ်အနားယူမှု မရရှိခြင်း၏ ကြီးမားသော အန္တရာယ်အကျိုးဆက်မှာ မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်ပါသည်။ ယခုအခါ၊ အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်များ အဖွဲ့အစည်းမှ PDE4 ဆိုသည့် သီးသန့်အင်ဇိုင်းတစ်ခုကို ဦးနှောက်၏ ဟစ်ပိုကင်းပတ်(စ်) အစိတ်အပိုင်း Brain's Hippo Campus တွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ ယင်းအင်ဇိုင်းသည် အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပွားလာသော မှတ်ဉာဏ်ချို့ယွင်းမှုကို ပြောင်းပြန်လှန်၍ နဂိုရ်မှတ်ဉာဏ်အတိုင်း ပြန်လည်ရရှိစေရန် စွမ်းဆောင်နိုင်ကြောင်း တွေ့ရှိရပါသည်။

ထိုအင်ဇိုင်းသည် မှတ်ဉာဏ်အသစ်များကို ဖွဲ့စည်းရာတွင် အရေးပါသော CAMP ခေါ် မော်လီကျူးတစ်မျိုးကို စွမ်းအင်ရရှိနိုင်ရန် အကူအညီ ပေးသည်ဟု ဆိုပါသည်။ ထို့ကြောင့် သဘာဝဂျာနယ် Nature Journal တွင် ပါဝင်ရေးသားသူများက CAMP မော်လီကျူး၏ လုပ်ငန်းဆောင်ရွက်မှုကို အားပေးနိုင်သော ဆေးဝါးများသည်လည်း အိပ်ပျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော မှတ်ဉာဏ်ချို့ယွင်းမှုကို တန်ပြန်နိုင်စွမ်းရှိမည်ဟု ယူဆကြသဖြင့် ယင်းဆေးဝါးများ ဖော်ထုတ်နိုင်ရန် ဆေးဝါးစမ်းသပ်မှုများ ပြုဖို့အတွက် အားသန်နေကြကြောင်း သိရသည်။

No comments:

Post a Comment