ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် ၃ ကြိမ်မြောက် တွေ့ကြပြီ – Opposition leader meets the president


ပထမအကြိမ် ထိပ်သီး၂ဦးတွေ့ဆုံစဉ်က ဓာတ်ပုံ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့် ယနေ့တွေ့ဆုံခဲ့သည်။
တနှစ်တာအတွင်း ၃ ကြိမ်မြောက် တွေ့ဆုံ စကားပြောကြခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်နေသူ မီးရထားဝန်ကြီးဦးအောင်မင်းလည်း ယနေ့ တွေ့ဆုံမှုတွင် ပါဝင်သည်ဟု AFP သတင်းတပုဒ်တွင် ရေးထားသည်။ သမ္မတရုံးအရာရှိ ဦးဇော်ဌေးကို ကိုးကားပြီး
ယင်းသို့ ရေးသားထားခြင်း ဖြစ်သည်။
နှစ်ဘက်စလုံးက တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိကြသေးပေ။

သမ္မတရုံးစိုက်ရာ နေပြည်တော်တွင် ပေါ်ပေါက်ခဲ့သည့် တွေ့ဆုံမှုများ

ပအကြိမ် – သြဂုတ် ၁၉၊ ၂၀၁၁
ဒုအကြိမ် – ဧပြီ ၁၁၊ ၂၀၁၂
တအကြိမ် – သြဂုတ် ၁၂၊ ၂၀၁၂

ပြီးခဲ့သည့်နှစ် သြဂုတ်လက ထိပ်သီးပုဂ္ဂိုလ်နှစ်ဦး ပထမအကြိမ်တွေ့ဆုံပြီးနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လွှတ်တော်တွင် ပြင်ဆင်ခဲ့ရာ NLD က နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည်။
ဒီမိုကရေစီခေါင်းဆောင်နှင့်တွေ့ဆုံစကားပြောခြင်း၊ နိုင်ငံရေး အကျဉ်းသား အများအပြား ပြန်လွှတ်ပေးခြင်း စသည့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကြောင့် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့်တနှစ်တာအတွင်း လူထုထောက်ခံမှု နှင့် နိုင်ငံတကာ ထောက်ခံမှု အကြီးအကျယ် ရရှိထားသည်။

MoeMakha

No comments:

Post a Comment