
အဆိုပါ စိန်ပွင့်ကို ဧပြီလ ၂၄ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘွန်ဟမ်း လေလံဌာနတွင် လေလံတင် ရောင်းချခဲ့ပြီး Trombino အမည်ရှိ လက်စွပ်၌ တပ်ဆင်ထားကာ ခြောက်ကြိမ်တိတိ လက်ဆင့်ကမ်း ရောင်းချခဲ့ပြီး ဖြစ်သည်။ မူလဈေးနှုန်းမှာ ဒေါ်လာ ၁ ဒသမ ၅ သန်းသာ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါ လက်စွပ်ကို အဲလိဇဘတ်တေလာ ကဲ့သို့သော ဟောလိဝုဒ်စတားတို့၏ လက်စွဲထင်ရှား ကျော်ကြားသည့် အီတလီ လက်ဝတ်ရတနာ ပညာရှင် ဘူဂါရီက ဖန်တီးခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် ငါးကရက်ကျော်သည့် အပြာရောင် စိန်ပွင့်များ လွန်စွာရှားပါးလှပြီး ဈေးကွက်၌ တွေ့ခဲလှသည်။ တော်ဝင်မိသားစုများနှင့် ထင်ရှားကျော်ကြားသူတို့သည် ရာစုအဆက်ဆက် အပြာရောင် စိန်ပွင့်အား တပ်မက်ခဲ့ကြရာ ၁၇ ရာစု အနှောင်းပိုင်းက ပြင်သစ်ဘုရင် လူဝီ-၁၄ ၀ယ်ယူခဲ့သည့် Hope Diamond အမည်ရှိ အပြာရောင်စိန်ပွင့်မှာ သမိုင်းတွင် အကျော်ကြားဆုံး ဖြစ်သည်။
ယင်းစိန်ပွင့်ကို ယခုအခါ ၀ါရှင်တန်ဒီစီရှိ စမစ်ဆိုးနီးယန်း သဘာဝ သမိုင်းပြတိုက်တွင် ထားရှိသည်။ အိန္ဒိယမှလာသည့် ယင်းစိန်ပွင့်သည် ပြင်သစ်တော်လှန်ရေးအတွင်း ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။
Ref:AFP
No comments:
Post a Comment