မျက်မှန်လွတ်ကျင့်နည်း နှင့် သွားကျန်းမာရေး.


 
1.ပထမဆုံးအိပ်ရာကနိုးပြီးချင်း
မျက်နှာမသစ်ရပါ။ခြေထောက်နှစ်ဖက်လုံး
ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရပါမယ်။(ဒါကတစ်ကိုယ်လုံးမှာရှိတဲ့အပူတွေ ခြေထောက်ရောက်သွားအောင်
ဆွဲချလိုက်တာပါ။)

2.ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲအပူတွေ ထွက်သွားအောင် မတ်တပ်ရပ်ပြီး
လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက် အောက်ချလိုက်နဲ့အကြီမ်
နှစ်ဆယ်လောက်လုပ်ပေးရပါမယ်။

3.တက်နေတဲ့ဇက်ကြောတွေ လျှော့သွားအောင်
ခေါင်းကိုနောက်ကျောဘက်ရောက်နိုင်သလောက်
လှန်ချရမယ်။ရှေ့ကိုလည်းရသလောက်ငုံ့ရပါမယ်။ အကြိမ်
နှစ်ဆယ်လောက်လုပ်ရပါမယ်။

4.ပြီးရင် ခေါင်းကို အခါနှစ်ဆယ်လောက်ဘယ်ညာလှည့်ပေးရပါမယ်။

5.ပြီးတော့မှ မျက်နှာကိုဆပ်ပြာနဲ့အရင်သစ်ရပါမယ်။မျက်နှာသစ်ပြီးတာနဲ့
မျက်နှာသုတ်ပုဝါနဲ့မျက်နှာအရင်သုတ်ရပါမယ်။

6. ပြီးမှ သွားတိုက်ရပါမယ်။

မျက်နှာကို အရင်သစ်ပြီး မှ သွားတိုက်ခြင်းသည်
သွားလမ်းကြောင်းသို့သွားသော အပုပ်နံ့များနဲ့ သွေးငြီများ ခံတွင်းဘက်သို့ ဆင်းလာစေပါတယ် ထိုသို့ဆင်းလာပြီမှ သွားတိုက်ပါက ထိုအရာတွေပါ ပါသွားပြီး သွားကျန်းမာရေးကိုကောင်းစေပါတယ် အကယ်၍ သွားအရင်တိုက်ပါက ထိုအရာများသည် ပိတ်မိနေသလို ဖြစ်တတ်ပြီး အလျှင်မသင့်က သွားရောဂါများရစေနိုင်သောကြောင့် ဖြစ်ပါတယ်
မျက်နှာသစ်နေစဉ်အတွင်း ခံတွင်းထဲသို့ ရေ မဝင်အောင် တော့ ထိန်းထားသင့်ပါတယ် ... ။

No comments:

Post a Comment