ဧရာဝတီတံတား(ရတနာသိင်္ဃ) ၂၀၁၂ခုနှစ် အပြီးတည်ဆောက်မည်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ တံတားဆောက်လုပ်ရေးစီမံကိန်း  အထူးအဖွဲ့ (၁၄) က တည်ဆောက်  နေသောဧရာဝတီတံတား (ရတနာ သိင်္ဃ) တံတားကြီးကို ၂၀၁၂ ခုနှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း
သတင်းရရှိ သည်။
ဧရာဝတီတံတား (ရတနာသိ င်္ဃ)တံတားမှာ စစ်ကိုင်းတိုင်းဒေသ  ကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊နွယ်ငြိမ်း  ကျေးရွာနှင့် မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်ခရိုင်၊ စဉ်ကူးမြို့ နယ်၊ စဥ့်ကူးမြို့အနီးဧရာဝတီမြစ် အားဖြတ်ကျော်ဆောက်လုပ်နေသည့် နှစ်လမ်းသွားတံတားတစ်စင်းဖြစ် သည်။
ရတနာသိင်္ဃတံတားအရှည် မှာ ၂၄၈၀ ပေ၊ ချဉ်းကပ်တံတား (ရွှေဘို) ၆၆ပေ၊ ပင်မတံတား ၂၂၅၈ ပေ၊ ချဉ်းကပ်တံတား (စဥ့်ကူး) ၁၉၆ ပေဖြစ်သည်။ ခန်းဖွင့်မှာ ၇၅၆ မီတာ ၂၀ မီတာ  တစ်ခန်း၊ ၁၁၂ မီတာ ခြောက်ခန်း၊ ၂၀ မီတာသုံးခန်းဖြစ်သည်။ ယာဉ် သွားလမ်းအကျယ် (၂၈ပေ)၊ (နှစ် လမ်းသွားကားလမ်း)၊ လူသွားလမ်း  အကျယ်တစ်ဖက်လျှင် သုံးပေစီ (နှစ်ဖက်)၊ တံတားအမျိုးအစားမှာ  အောက်ထည် (၁၀၅) မီတာအချင်း  ရှိ သံကူကွန်ကရစ်လွန်တူးပိုင်တိုင်  အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ် ထည်နှင့် အပေါ်ထည်သံမဏိသံ ပေါင်နှင့် သံကူကွန်ကရစ်ကြမ်းခင်း  ဖြစ်သည်။
ရေလမ်းကင်းလွတ်အကျယ် ၃၂၀ ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၄၇ပေ)၊ (အမြင့်ဆုံးရေမှတ်)တံတား  ခံနိုင်ဝန်များ (၄၅) တန်နှစ်လမ်း သွား (၇၅)တန် (ယာဉ်တစ်စီးချင်း)  ဖြစ်သည်။
ဤတံတားတည်ဆောက်ပြီး ပါက ဧရာဝတီမြစ်အရှေ့ဘက်ကမ်း   စဉ်ကူးမြို့မှတစ်ဆင့်မန္တလေး၊ မတ္တ ရာ၊ ဗန်းမော်၊ မြစ်ကြီးနားလမ်းသို့  ရောက်ပြီး ဖော့တာလမ်းဆုံမှတစ် ဆင့် မိုးကုတ်သို့လည်းကောင်း၊ တွင်းငယ်လမ်းဆုံမှ မိုးမိတ်သို့ လည်းကောင်း၊ ငါးအို့လမ်းဆုံမှ မဘိန်းသို့လည်းကောင်းဆက်သွယ်  သွားလာနိုင်မည်ဖြစ်သည်။ ထို့အတူ  ဧရာဝတီမြစ်အနောက်ဘက်ကမ်း ရှိ နွယ်ငြိမ်း၊ ကျောက်မြောင်း၊ ရွှေဘိုမှတစ်ဆင့် မန္တလေးရွှေဘို မြစ်ကြီးနားသို့လည်းကောင်း၊ ရွှေဘို၊ ခင်ဦး၊ ရေဦး ကလေးဝသို့  လည်းကောင်း၊ ရွှေဘိုအရာတော်၊ မုံရွာ၊ ယာကြီး၊ ကလေးဝ၊ ကလေး မြို့မှတဆင့်ချင်းပြည်နယ်သို့လည်း  အလွယ်တကူသွားလာနိုင်တော့  မည်ဖြစ်သည်။
ဧရာဝတီ (ရတနာသိင်္ဃ) တံတားကို ၁၆-၄-၂၀၁၀ ခုနှစ်က  စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုတွင် အပြီးတည်ဆောက်သွား မည်ဖြစ်ပြီး တံတားကြီးကိုသန်း ပေါင်း ၈၀၀၀ အကုန်အကျခံ၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ကိုကိုဦး (မိတ်္ထီလာ)

No comments:

Post a Comment