တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့ တ၀က်စီခွဲယူရန်

တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့ တ၀က်စီခွဲယူရန် အမိန့်ချမှတ် ဟု သတင်းထွက်
ဂျာနယ်ကောက်နုတ်ချက်၊ ဇွန် ၂၄၊ ၂၀၁၂
ဇွန်လ ၂၂ နေ့စွဲဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ရာတွင် မြန်မာ့ထုံးတမ်းဓလေ့ ဥပဒေအရ ဗဟန်းမျြိ့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း။ အမှတ် ၄၅/၄၆ နေအိမ်နှင့် ခြံဝင်းကို အစ်ကို အောင်ဆန်းဦးနှင့် ညီမ ဒေါ်အောင်ဆန်းစုကြည်တို့က အမွေဆိုင်အဖြစ် တ၀က်စီခွဲယူကြရန် ဆုံးဖြတ်လိုက်သည်ဟု ဆိုသည်။
အဆိုပါသတင်းကို ရန်ကုန်ထုတ် သတင်းအချစ်တော် အပတ်စဉ်ဂျာနယ် (Favorite News)  အချပ်ပိုတွင် ဖော်ပြထားသည်ကို အင်တာနက်နှင့် ဖေ့စ်ဘွတ်တို့တွင် လက်ဆင့်ကမ်း သတင်းပြန့်လျက်ရှိသည်ကို တွေ့ရသည်။
သတင်းတွင် သက္ကရာဇ် ၂၀၀၀ ကတည်းက အမေရိကန်ပြည်နေ အကိုဖြစ်သူ အောင်ဆန်းဦးက အဆိုပါနေအိမ်ကို အမွေဆိုင်အဖြစ် ခွဲပေးရန် မြန်မာတရားရုံးသို့ လျောက်ထားစွဲဆိုခဲ့ကြောင်း၊ နိုင်ငံခြားသားဖြစ်၍ အမှုရှုံးနိမ့်ခဲ့ကြောင်း၊ နောင်တဖန် ၂၀၀၁ တွင် အမွေခွဲဝေပေးရန် ထပ်မံ လျှောက်ထားခဲ့ရာ ယခုတခါတွင် တ၀က်စီ ခွဲယူရန် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ယခုကဲ့သို့ အမိန့်ချမှတ်သည်ဆိုသည့် သတင်းထွက်ပေါ်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဥရောပ၊ ဗြိတိန် ခရီးစဉ်အဖြစ် ပြည်ပသို့ ရောက်ရှိနေသည်။

No comments:

Post a Comment