ဗြိတိန်က အစဉ်အလာများကို ဖျက်၍ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် ဗြိတိန်နိုင်ငံက နိုင်ငံ့ ခေါင်းဆောင် များသာ မိန့်ခွန်း ပြောကြားခွင့် ရသည့် သမိုင်းဝင် နာမည်ကျော် ၀က်စ္စ်မင်စတာ ခန်းမကြီးတွင် လာမည့် ဂျွန်လ ၂၁ ရက်၊ ကြာသာ ပတေးနေ့၊ ညနေ ၃ နာရီတွင် မိန့်ခွန်း ပြောကြားရန် ဖိတ်ခေါ် ထားကြောင်း သိရှိရပါသည်။ ကနဦး၌ ထိုသို့ ဖိတ်ခေါ်မှုကို ဗြိတိန်နိုင်ငံ၏ ထုံးတမ်း အစဉ်အလာ မဟုတ်သဖြင့် အထက် လွှတ်တော် အမတ်များ၏ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ဗြိတိန် ၀န်ကြီးချုပ် David Cameron နှင့် နိုင်ငံခြား ၀န်ကြီး William Hague တို့၏ ထောက်ခံမှုဖြင့် အောက်လွှတ်တော် အမတ် John Bercow က အဆိုပါ ကန့်ကွက်မှု များကို ပယ်ချ ခဲ့သည်။
ဗြိတိန် နိုင်ငံ၏ ဓလေ့ ထုံးစံများအရ ၀က်စ္စ် မင်စတာ ခန်းမကြီးတွင် မိန့်ခွန်းပြောကြားခွင့် ရရှိသူများမှာ နိုင်ငံ့ခေါင်းဆောင် /နိုင်ငံ့အကြီး အကဲ များသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ သမိုင်းတွင် နိုင်ငံ့ အကြီးအကဲ တစ်ဦး မဟုတ်သည့် ပုဂ္ဂိုလ်များ အနက် ပထမ ဦးဆုံးသော မိန့် ခွန်းပြောကြားခွင့် ရရှိသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ၀က်စ္စ်မင်စတာ ခန်းမကြီးတွင် နောက်ဆုံး မိန့်ခွန်းပြောကြားခွင့် ရရှိသူမှာ နိုင်ငံ့ အကြီးအကဲမှာ အမေရိကန်ပြည် ထောင်စု သမ္မတ ဘားရက်ခ် အိုအားမား ဖြစ်ပြီး ယမန်နှစ် (၂၀၁၁) က သူ၏ ခရီးစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
Reference: deccanhearld.com
Photos courtesy of Getty Images Asia-Pacific.

No comments:

Post a Comment