
ဆုံးရှုံးတဲ့ အတွက် အလုပ်အကိုင်မရှိတဲ့ အလုပ်လက်မဲ့ ဘ၀ကို ဖြစ်ပေါ်စေပြီး အလုပ်လက်မဲ့ ပြဿနာ က နေကျောင်းမထားနိုင်တဲ့ ပညာမတတ်သူတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒါတွေဟာ ဆက်တိုက် ဆက်တိုက်ဖြစ်ပေါ် လာစေတဲ့ အတွက် ဒီကိစ္စကို ထောက်ခံဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်မက လွှတ်တော်ထဲကို အခုမှ ရောက်လာခဲ့ပေမဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း ရဲ့ အကြောင်းတွေကို သတင်းစာထဲမှာ သိထားပြီး ဖြစ်လို့ ကျွန်မတို့ နဲ့ လက်တွဲ ဆောင်ရွက်သွား နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့ အဆိုတင်သွင်းတဲ့ နေရာမှာလည်း အားလုံး လက်ခံနိုင်လောက်အောင် ပြင်ဆင်ပြီးမှ တင်ပြသွားမှာ ဖြစ်သလို ဘယ်လိုအဆိုမျိုးတွေကို လက်ခံလည်း ၊ ဘယ်လိုအဆို မျိုးကိုလက်မခံနိုင်ဘူးလည်း ဆုံးဖြတ်သွားမှာ ဖြစ်သလို တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် အကျိုးရှိမယ်ဆိုရင် လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အနိုင်ရခဲ့သော မဲဆန္ဒနယ်မှာ ထပ်မံအနိုင်ရခဲ့ သော ဒေါ်စန္ဒာမင်း မှ ဆွေးနွေးပြောကြားပေးခဲ့ပါသည်။
No comments:
Post a Comment