သစတြေးလျက မြန်မာ့ပညာရေးအတွက် ဒေါ်လာ သန်း ၈၀ ကူညီမည်

မန်မာ့ပညာရေးစနစ်ကို မြှင့်တင်ရန်အတွက် သြစတြေးလျ ဒေါ်လာ သန်း ၈၀ ကူညီမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘော့ကာက စနေနေ့တွင် ပြောကြားလိုက်သည်။
ဆရာများအတွက် သင်တန်းများ၊ ကျောင်းတက်နှုန်း မြှင့်တင်ရေးနှင့် မူလတန်းတွင် အာဟာရ ကျွေးမွေးရေး အစီအစဉ်များအတွက် ရည်ရွယ်ပြီး ကူညီမည်ဖြစ်ကြောင်းသိရပါသည်။
ထို့အပြင် လက်ရှိ သြစတြေးလျ ပညာတော်သင် တစ်နှစ်လျှင်
၂၀ ဦးမှ ၂၀၁၅ တွင် ၅၀ ဦးအထိ တိုးမြှင့်သွား မည်ဟုလည်း လွှတ်တော်အမတ် ဘော့ကာက ကြေညာခဲ့သည်။

AusAID ပညာရေးစီမံကိန်းများ တည်ရှိရာ ရန်ကုန်တောင်ဖက် မြစ်ဝကျွန်းပေါ်ဒေသများသို့ သွားရောက် လည်ပတ်ရာတွင် မြန်မာကလေး သန်းနှင့်ချီပြီး မူလတန်းပညာရေး ဆုံးရှုံးကြမည့် ဘေးကို ရင်ဆိုင်နေရကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါသည်။
“လာမည့် ၃ နှစ်အတွင်း သြစတြေးလျ ပညာရေးအကူအညီဟာ သန်း ၈၀ ကျော် ရှိပါလိမ့်မယ်။”
“ကျောင်းစတက်တဲ့ ကလေးတွေထဲက မူလတန်း ပြီးဆုံးအောင် တက်ရောက်နိုင်တာ တ၀က်တောင် မရှိဘူး။”
“ဆိုလိုတာကကော့ မြန်မာ့ ပညာရေးသမိုင်းမှာ ဒီမျိုးဆက်ထဲ ကြီးပြင်းလာနေကြတဲ့ ကလေးတွေဟာ သူတို့ မိဘတွေထက် ပညာအဆင့်အတန်း နိမ့်ပါးကြတော့မယ်။”
“သြစတြေးလျအနေနဲ့ ဒီအဖြစ်ဆိုးကို ကာကွယ်ဖို့ ကြိုးစားပါမှာ”
“မြန်မာပြည် ကူညီရေးမှာ ပညာရေးကတော့ ကျွန်တော်တို့ရဲ့ အဓိကပါပဲ။”
အခြားသော ထောက်ပံ့ကူညီရေးအဖွဲ့များနှင့်အတူ သြစတြေးလျ အကူအညီတွင် မူလတန်းပညာရေး ငါးနှစ်ကို အရည်အသွေး မြင့်မားစေရန် ကူညီမည်ဟု ဆိုပါသည်။
အဓိကအားဖြင့် အောက်ပါနယ်ပယ်များတွင် ပညာရေးအကူအညီကို ပံ့ပိုးပေးမည်ဟု သိရပါသည်။
-       ဝေးလံသီခေါင်သော ကျေးလက်ဒေသများရှိ ကျောင်းများတွင် အစားအစာ၊ ဆရာဖြစ်သင်တန်းနှင့် ဖတ်စာအုပ်များ ပံ့ပိုးပေးခြင်းဖြင့် ပညာရေးကို ကလေး တစ်သန်းကျော် လက်လှမ်းမီစေရန်။
-       ကလေးများ ဖျားနာခြင်းကင်းဝေးစေရန် မူလတန်းကျောင်းများတွင် သောက်သုံးရေသန့်နှင့် သန့်ရှင်းရေး ပစ္စည်းများ ပံ့ပိုးပေးရန်။
-       မူကြိုကလေး ၈၅ ၀၀၀ ဦးအား အကူအညီပေးရန်။
-       တစ်နှစ်ပတ်လုံး ကျောင်းတက်သူ ကလေးများအား အစားအစာများကို အိမ်သို့ ထည့်ပေးလိုက်ရန်။ ၄ နှစ်ကာလအတွင်း ကလေး ၁ ဒသမ ၃ သန်းအတွက် အစားအစာ၊ အာဟာရနှင့် ကျောင်းတက်နှုန်းမြင့်မားစေရန် ကူညီမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြတ်ပန်းရှင်
မောက္ခမြန်မာ့ပညာရေးသတင်း
Source: Australian Foreign Affairs Department

No comments:

Post a Comment