
လုပ်ငန်း ခွင်ထဲ တစ်နေကုန် အလုပ်လုပ်ရာမှာ အလုပ် လည်းတွင်၊ စွမ်းအင်လည်း ပြည့်ဝ၊ လန်းဆန်း မှုလည်း အပြည့် ရှိနေစေဖို့ ကျွမ်းကျင်သူတွေက နာရီအပိုင်းအခြားအလိုက် ဘယ်လိုဖြတ်သန်းသင့် တယ်ဆိုတာကို အကြံပြုထားပါတယ်။
နံနက် ၆နာရီ အိပ်ရာထချိန်
ကြိုးစားပါ - တကယ်နိုးထသင့်တဲ့ အချိန်ထက် ၁၅ မိနစ်စောပြီး နှိုးစက်ပေးထားပါ။ ဒါဆိုရင် အိပ်ရာက ဝုန်းခနဲ ထစရာမလိုဘဲ စိတ်ရော ခန္ဓာကိုယ်ကိုပါ သက်တောင့်သက်သာရှိရှိ နိုးထနိုင်ပါလိမ့်မယ်။
ကျွမ်းကျင်သူ၏ အကြံပြုချက် - အခန်းကို ကန့်လန့်ကာ ပါးပါးချပြီး အိပ်ပါ။ နံနက် နေခြည်နုနုထွက်လာချိန်မှာ ဦးနှောက်မှ အိပ်စက်မှုဆိုင်ရာ မယ်လတိုနင်ဟော်မုန်းထွက်နှုန်းကို လျော့ကျစေပြီး နိုးကြားစေတဲ့ အဒရီနယ်လင်ဟော်မုန်း စတင်ထွက်ရှိလာပါလိမ့်မယ်။ဒါကြောင့်နှိုးစက် ပိတ်လိုက်တဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က တစ်ဝက်နိုးကြားပြီး ဖြစ်နေပါလိမ့်မယ်။
နံနက် ၇နာရီ အပြင်မထွက်ခင်
ကြိုးစားပါ - ဇီဝရုပ်ဖြစ်ပျက်မှုကို စတင်လုပ်ဆောင်နိုင်စေဖို့ နံနက်စာစားပေးပါ။
ကျွမ်းကျင်သူ၏ အကြံပြုချက် - နံနက်စာအဖြစ် ပန်းသီး၊ အခွံမာတဲ့အစေ့အဆန်နဲ့ ပေါင်မုန့်ညိုတစ်ချပ်ကို စားပေးရင်တောင် ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တို့ရရှိကာ တစ်နေ့လုံး စွမ်းအင်ပြည့်ဝ နေပါလိမ့်မယ်။
နံနက် ၈နာရီ အလုပ်သွားရာ လမ်းမှာ
ကြိုးစားပါ - ရုံးနဲ့ နီးနီးမှာ နေထိုင်သူတွေအနေနဲ့ ရုံးကို လမ်းလျှောက်ြပီး သွားသင့်ပါတယ်။ ဒီလို လမ်းလျှောက်သွားတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး မောပန်းနွမ်းနယ်မှု ပြေပျောက်စေကာ ဖျားနာနိုင်ခြေ လျော့ပါးကြောင်း လေ့လာသူတွေက ဆိုပါတယ်။


အင်တာနက်မှ
တစ်ဆင့် အခမဲ့ဖုန်းခေါ် ဆိုနိုင်ပြီး အပြန် အလှန် မျက်နှာမြင် ပြောဆိုနိုင်
သော အင်တာနက်ဖုန်း ပြောဆို ခြင်း၊ လူကြိုက် များလာပြန်ပြီ ဖြစ်သည်ဟု
သုံးစွဲသူ များနှင့် ဖုန်း ခေါ်ဆိုရန်သုံးသည့် အသုံးပြုသူ များကပြောသည်။
အဆိုပါေapplication မှာTango ဖြစ်ပြီး အရုပ် ပါမြင်နိုင်သောကြောင့်
သုံးစွဲသူ များ ပိုမိုကြိုက်နှစ်သက်လာခြင်း ဖြစ်သည်ဟု သုံးစွဲသူများက ပြော
သည်။
တချို့က
အင်တာနက် ဆိုင်ရောက် ရင် သီချင်းအေးအေး ဆေးဆေးနား ထောင်ပြီး
လုပ်စရာရှိတာကို လုပ်တတ် တဲ့သူတွေရှိပါတယ်။ အဲ့လိုမျိုး သီချင်း ကို အေးအေး
ဆေးဆေးနားထောင်ချင် တဲ့သူတွေအတွက် အင်္ဂလိပ်သီချင်း ကောင်းကောင်းလေးတွေကို
အင်တာနက် ပေါ်ကနေ Download ပြုလုပ်စရာမလို ဘဲ တိုက်ရိုက်နားထောင်နိုင်မယ့်
ဆိုက် လေးကိုညွှန်ပြပေးချင်ပါတယ်။
ဘာကြောင့် ယောကျာ်း လျာတွေ ဟာ လုံခြုံစိတ်ချ မှုရှိသော လိင်ဆက်ဆံ ခြင်းကို စဉ်းစား သင့်သလဲ