ခံတွင်းအနံ့နံခြင်း နှင့် ဖြေရှင်းနည်းများ
  ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့လွယ်လွယ်ကူကူ bad breath ပေါ့။
Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေ အနေ တစ်ခု ဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ
စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုး တွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။
သောက်ဆေးမပါဘဲ ၀မ်းမချုပ်အောင် ကာကွယ်ကုသခြင်း
ဝမ်းချုပ်ခြင်းဆိုသည်မှာ လူတိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ ရောဂါတစ်ခုမဟုတ်သော်လည်း ၀မ်းပုံမှန်မသွားပါက ခေါင်းနောက်ခြင်း ခေါင်းမကြည်မလင်ဖြစ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နှင့် ညောင်းညာခြင်းတို့ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ လူတိုင်းလူတိုင်း မည်သည့် ၀မ်းချုပ်ဆေးမှ မသောက်ဘဲ တစ်နေ့ တစ်ကြိမ်တော့ သွားသင့်ပါသည်။
ဇီဝက (ဆေး-၂) မှ တင်ဆက်သည်: အရွယ်တင်နုပျိုနည်း ၅ နည်း
ဇီဝက (ဆေး-၂) မှ တင်ဆက်သည်: အရွယ်တင်နုပျိုနည်း ၅ နည်း: "သင်အရွယ်တင်နုပျို လိုပါသလား။ နုပျိုလိုတယ်ဆိုရင် ပိုက်ဆံတပြားမှ မကုန်တဲ့ နည်းလေး ၅ ခု ရှိတယ်။လေ့ကျင့်ခန်းလုပ်ပါ - လေ့ကျင့်ခန်းသည် အရွယ်တင်နု..."
ဆီးနှင့်ကျောက်ကပ်ရောဂါကင်းဝေးလိုလျှင်
(ဒေါက်တာအောင်မော်)
         ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း ခါးကျောရိုး၏ တစ်ဘက်တစ်ချက်တွင် ရှိသော ကျောက်ကပါတစ်စုံသည် သွေးထဲရှိ ဓာတ်ပစ္စည်းများစွာအနက် လိုအပ်သည်များကို စစ်ယူ သိမ်းဆည်းခြင်းနှင့် မလိုအပ်သည်များကို ဆီးနှင့်အတူ ဖယ်ထုတ်ပစ်ခြင်းတို့ကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည့် အင်္ဂါတစ်စုံ ဖြစ်ပါသည်၊ ကျောက်ကပ်တစ်ခုသည် ၅အောင်စခန့်သာ လေးသော်လည်း  ၎င်းအတွင်း၌ သွေးများကို သန့်စင် စစ်ထုတ်ပေးသည့် စစ်ထုတ်ပြွန်ကလေးပေါင်း တစ်သန်းကျော် ပါရှိလေသည်။
အမြဲလိုလို မောပန်းနွမ်းနယ်နေပါသလား
သင်ဟာ ညဘက်မှာ အိပ်ရေးပျက်ခဲ့တယ်ဆိုရင် နေ့ဘက်မှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ငိုက်နေမှာကတော့ အသေအချာပါပဲ။ ဒါပေမဲ့ သင်ဟာ ကောင်းကောင်း အိပ်စက်ပြီး အာဟာရပြည့်ဝအောင် စားသောက်ပါလျက်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါလျက်နဲ့ ပင်ပန်းနွမ်းနယ်နေသလိုမျိးလည်း ခံစားရနိုင်ပါတယ်။
ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်
ရေသောက်ခြင်း၏ အကျိုးများ
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
    * နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
ဝမ်းမှန်စေလိုလျှင်
လူ့တိုင်းအတွက် နေ့စဉ်စိတ်ကြည်လင်စေရန်
လူ့တိုင်းအတွက် နေ့စဉ်စိတ်ကြည်လင်စေရန်
1   နေ့စဉ်10မိနစ်မှ မိနစ်30အထိ လမ်းလျှောက်ပါ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
2   နေ့စဉ်အနည်းဆုံး10မိနစ်ခန့် ဘာကိုမှမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။