ကမ္ဘာတစ်ဝန်းမြို့ပြလူ့အဖွဲ့အစည်းများ အမှိုက်ပြဿနာနှင့် ပိုမိုရင်ဆိုင်နေရ


ကမ္ဘာတစ်ဝန်း မြို့ပြလူ့အဖွဲ့အစည်းများသည် စွန့်ပစ်ပစ္စည်းများ ပိုမိုစွန့်ထုတ်လာရာ အမှိုက်ပြဿနာသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ၀န်ထုပ်ဝန်ပိုးအဖြစ် တဖြည်းဖြည်း ဖိစီးလာကြောင်း ကမ္ဘာ့ဘဏ်က ဇွန် ၆ ရက်တွင် သတိပေးခဲ့သည်။ မြို့ပြလူ့အဖွဲ့အစည်းများမှ စွန့်ပစ်ပစ္စည်းများ
ပိုမိုထွက်ပေါ်လာမှုသည် ကမ္ဘာကြီးပူနွေးလာမှု၏ ပြဿနာနည်းတူ စိုးရိမ်ရဖွယ် ကိစ္စတစ်ရပ်ဖြစ်လာပြီး ဆင်းရဲသောနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများအတွက် ငွေကုန်ကြေးကျများရသည့် ပြဿနာဖြစ်လာကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။ မြို့ပြလူ့အဖွဲ့အစည်းများသည် ၂၀၂၅ ခုနှစ်အရောက်တွင် တစ်နှစ်လျှင် အမှိုက်တန်ချိန် ၂ ဟဒသမ ၂ ဘီလီယံအထိ စွန့်ထုတ်လာမည်ဖြစ်ရာ ယနေ့ကာလ စွန့်ထုတ်သည့် အမှိုက်ပမာဏထက် ၇၀ ရာခိုင်နှုန်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း “နေ့စဉ်ပိုဆိုးလာသော အသံတိတ်ပြဿနာ” အမည်ရှိ ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ၂၀၂၅ ခုနှစ်အတွင်း စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကဏ္ဍအတွက် သုံးစွဲရသည့် ကုန်ကျစရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ ဘီလီယံအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။ တရုတ်နိုင်ငံ၊ အရှေ့အာရှ၊ အရှေ့ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသများ၌ မြို့ပြလူ့အဖွဲ့အစည်းများသည် အမှိုက်သရိုက်များ ပိုမိုစွန့်ထုတ်လျက်ရှိကြောင်း သိရသည်။ (အင်တာနက်)

No comments:

Post a Comment