ထိုင်းနိုင်ငံရောက် ယာယီမြန်မာ အလုပ်သမားများ ပြန်လာပါက အကူအညီပေးမှု လုပ်ငန်းများအား အဆင့်သင့် ပြုလုပ်ထားကြောင်း သိရ

ha-21-1-10

ထိုင်းနိုင်ငံ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စိစစ်ရေးရုံးအားတွေ့ရစဉ်
ထိုင်းနိုင်ငံသို့ရောက်ရှိနေသော ယာယီမြန်မာ အလုပ်သမားများ ပြန်လာပါက အကူအညီပေးမှု လုပ်ငန်းများအား အဆင့်သင့်ပြုလုပ်ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ထိုသို့ အကူအညီပေးမှု လုပ်ငန်းများတွင် နေရပ်သို့ ပြန်လည်နေရာချထားပေးရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ကူညီထောက်ပံ့ခြင်း လုပ်ငန်းများ၊ နေထိုင်ခွင့် အစီအစဉ်များအတွက် ပြုလုပ်ပေးသွားရန်အတွက် စီစဉ်ထားကြောင်း၊ အဆိုပါကိစ္စများအတွက် နိုင်ငံတော်အနေဖြင့် ဘက်ဂျက်ရှိထားကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလုပ်သားတွေ ပြန်လာရင် ကိုယ့်ဌာနေ ကိုယ်နေရပ်ကို ပြန်လည်ပို့ပေးတာတို့၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက် အကူအညီပေးတာတို့၊ နောက်ပြီး သူတို့ဝင်လာတဲ့အခါ နေထိုင်နိုင်ခွင့်တွေကို အခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးသွားမှာပါ" ဟု လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေမှ ပြောသည်။
လက်ရှိတွင် ထိုင်းရောက် ယာယီမြန်မာနိုင်ငံ အလုပ်သမားများနှင့် ရွှေပြောင်းအလုပ်သမားများအတွက် ၃ လ သက်တမ်းရှိ မှတ်ပုံတင်များ ပြုလုပ်ပေးရန် စီစဉ်လျက်သာရှိသေးကြောင်း သိရသည်။
သို့သော် ယာယီနိုင်ငံကူလက်မှတ်များ ပြုလုပ်ရာတွင် သတ်မှတ်ထားသော ငွေနှုန်းထားထက် များစွာပိုပေးနေရပြီး အဆိုပါ ယာယီနိုင်ငံကူလက်မှတ်အတွက်လည်း ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်းဝန်ကျင်ခန့် ရှိနေပြီး အများစုမှာ တစ်နေ့လျှင် ၀င်ငွေကျပ် ၄၀၀၀ မှ ၈၀၀၀ ထိ ရရှိကြကြောင်း သိရသည်။

No comments:

Post a Comment