![]() |
| ရွှေမြန်မာ လေကြောင်းလိုင်းအတွက် ရောက်ရှိလာတဲ့ လေယာဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်း |
မြန်မာနိုင်ငံမှာ ပထမဆုံး အများပိုင် လေကြောင်းလိုင်းဖြစ်တဲ့ ရွှေမြန်မာ လေကြောင်းလိုင်းဟာ လာမယ့် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ စတင်ပြီး ပြည်တွင်းခရီးစဉ်တွေ ဈေးသက်သာစွာနဲ့ ပြေးဆွဲပေးဖို့ လေယာဉ် တစီးရောက်လာခဲ့ပါတယ်။
လူဦးရေ ၁၈၀ ဆံတဲ့ Air Bus A
320-232, Xy-AGS လေယာဉ်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကို ဇန်န၀ါရီလ ၉
ရက်နေ့က ရောက်ရှိခဲ့ပြီး ဇန်န၀ါရီလ ၁၁ ရက်နေ့ကလည်း ရန်ကုန် - မန္တလေး-
နေပြည်
တော် ခရီးစဉ်ကို စမ်းသပ် ပျံသန်းခဲ့ပါတယ်လို့ မြန်မာ့ အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ အဆိုပါ အများပိုင် လေကြောင်းလိုင်းအတွက် ပထမလေယာဉ်ဖြစ်ပြီး ဒုတိယမြောက်လေယာဉ်က လည်း လာမယ့်လမှာ မြန်မာပြည်ကို ရောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။



မြန်မာနိုင်ငံက ဘတ်စကတ်ဘော အားကစားသမားတွေရဲ့ အမေရိကန်ပြည်ထောင်စု
ချစ်ကြည်ရေး ခရီးစဉ် ပထမနေ့အဖြစ် ဗုဒ္ဓဟူးနေ့မှာတော့ ၀ါရှင်တန်မြို့တော်နဲ့
အနီးတ၀ိုက်မှာရှိတဲ့ အမေရိကန် ကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုတွေ၊
မသန်မစွမ်း အားကစား သမားတွေရဲ့ လေ့ကျင့်မှုတွေ အပါအ၀င် အားကစား အထောက်အကူပြု
အစီအစဉ်တွေကို သွားရောက် လေ့လာကြပါတယ်။

