ကိုယ်လက်လေ့ကျင်ခန်းနှင့် အယ်လ်ဇိုင်းမား ရောဂါ


နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါက အသက်အရွယ် ရလာသည့်အခါ မှတ်ဉာဏ်ချို့တဲ့သော အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှု လျော့ကျစေနိုင်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။

နေ့စဉ် နံနက်ပိုင်း အချိန် ၁၅-မိနစ်ခန့် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးပါက ခန္ဓာကိုယ် သွေးလည်ပတ်မှု မှန်ကန်စေပြီး ဦးနှောက်ဆဲလ်များ ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း အဆိုပါ ဆေးသိပ္ပံပညာရှင်များက စစ်ဆေးတွေ့ရှိခဲ့ကြသည်။

သီတင်းတပတ်လျှင် အနည်းဆုံး ၃-ကြိမ်ခန့် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးလျှင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှု ၄၀-ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။ ထို့ကြောင့် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါက ထိရောက်သော ကျန်းမာရေးအကျိုးပြုမှုကို ပိုမိုရရှိမည်ဖြစ်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များက ထပ်မံပြောကြားခဲ့သည်။

No comments:

Post a Comment