လမ်းလျှောက်ပါက ရုတ်တရက် လေဖြတ်ခြင်းမှ ကင်းဝေနိုင်


နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်ခြင်း အလေ့အကျင့်ကို ပုံမှန်ပြုလုပ်ပေးပါက ရုတ်တရက် လေဖြတ်ခြင်းမှ ကင်းဝေစေနိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။

အထူးသဖြင့် နေ့စဉ် နံနက်ပိုင်း နာရီဝက်ခန့် လမ်းလျှောက်ခြင်းကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူ ပြုသည့်အပြင် ခန္ဓာကိုယ် သွေးလည်ပတ်မှု ကောင်းမွန်စေနိုင်ကြောင်း၊ သွေးအတွင်း အဆိပ်ဓာတ်ထွက်မှုကို ဖယ်ရှားပေးနိုင်ကြောင်း၊ အဆိုပါ ဆေးသိပ္ပံ ပညာရှင်များက ထပ်မံ ပြောကြားသည်။

ညအချိန်တွင် အိပ်စက်အနားယူထားခြင်းကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု ငြိမ်သက်ခဲ့သဖြင့် နံနက်ပိုင်း အိပ်ရာထချိန်၌ လမ်းလျှောက်ခြင်းမှာ အကောင်းဆုံး လေ့ကျင့်ခန်းပင် ဖြစ်ကြောင်း သိရသည်။

နံနက်ပိုင်း လမ်းလျှောက်မှုကြောင့် နှလုံးသွေးကြောများ လန်းဆန်းခိုင်မာပြီး နှလုံး၏လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်ရန် အထောက်အကူပြုစေနိုင်ကြောင်းကိုလည်း အဆိုပါ ဆေးသိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

မင်းစောထက်

No comments:

Post a Comment