ဦးတေဇကလယ်မြေ ဧကလေးသောင်းနိုင်ငံတော် သို့ ပြန်အပ်



ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ လယ်မြေ  ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီ  အချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူလယ်  ယာလုပ်ကွက်ပြန်ပေးရန်ရှိနေ  ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း  ဒေသကြီးအတွင်းရှိ ရေကြီးကွင်း ရေနက်ကွင်းများအား ပြုပြင်ထား သည့် လယ်မြေဧက ၄၀၀၀၀ကျော်  အား ဒေသခံတောင်သူများသို့ ခွဲ ဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏ မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်  သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ ကြောင်း သတင်းရရှိပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌဖြစ်သူဦးတေဇမှ လက်မှတ် ရေးထိုးကာ တင်ပြခဲခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ခွဲဝေလုပ်ကိုင်ခွင့်  ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုး  တူပူးပေါင်းကာ လယ်ယာမြေဖော်  ထုတ်လုပ်ကိုင်ခဲ့သည့် ဒေသခံ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် ၃ ကြိမ်မြောက် တွေ့ကြပြီ – Opposition leader meets the president


ပထမအကြိမ် ထိပ်သီး၂ဦးတွေ့ဆုံစဉ်က ဓာတ်ပုံ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့် ယနေ့တွေ့ဆုံခဲ့သည်။
တနှစ်တာအတွင်း ၃ ကြိမ်မြောက် တွေ့ဆုံ စကားပြောကြခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့်ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်နေသူ မီးရထားဝန်ကြီးဦးအောင်မင်းလည်း ယနေ့ တွေ့ဆုံမှုတွင် ပါဝင်သည်ဟု AFP သတင်းတပုဒ်တွင် ရေးထားသည်။ သမ္မတရုံးအရာရှိ ဦးဇော်ဌေးကို ကိုးကားပြီး

Ajinomoto ဟင်းချိုမှုန့်


Sun, Apr 29, 2012 at 11:26 AM
ကျနော်တို့ မြန်မာလူမျိုးတွေဟာ အချိုမှုန့်ကို ဟင်းထဲမှာထည့်ပြီး စားသောက်လေ့ ရှိကြပါတယ်။ နိုင်ငံခြားမှာ လုံးဝ မစားသလောက်ပါပဲ။ စားသောက်ဆိုင်တွေကအစ ဟိုတယ်အဆုံး ဆိုသလို နိုင်ငံခြားမှာ အချိုမှုန့်ကို မသုံးစွဲကြဘူး။ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေနှင့် ဓါတုဗေဓပါဝင်မှုတွေကို သိချင်ပါတယ်။ နောက်ပြီး မြန်မာတွေဟာ ဘယ်ခုနှစ်လောက်က စတင်သုံးစွဲလာခဲ့ကြပါသလဲ။

နောက်ဆုံးမေးတာ ကျွန်တော် မသိပါ။ ဆရာတယောက်တော့ ၁၉၇၃ မတိုင်ခင် သုံးစွဲတာ မများသေးဘူးလို့ ရေးတာဖတ်ရတယ်။ ဟင်းချိုမှုန့်ကို မြန်မာပြည်မှာ (အာဂျီနိုမိုတို) လို့သာ လူသိများတယ်။ Ajinomoto ဟာ ဂျပန်နိုင်ငံက အစားအသောက်နဲ့ ဓါတုပစ္စည်းတွေ ထုတ်လုပ်တဲ့ (ကော်ပိုရေးရှင်း) ရဲ့ နာမည်သာဖြစ်ပါတယ်။ Aspartame ခေါ်တဲ့ အချိုအတု ထုတ်လုပ်တဲ့ ၉ ဘီလျန်တန် ကမ္ဘာ့ အကြီးဆုံးလုပ်ငန်း ဖြစ်တယ်။ အချိုမှုန့်ကို ဓါတုဗေဒနဲ့ ပြောရရင် Monosodium glutamate (MSG) ဖြစ်တယ်။ ဒေါ်လာ ၆၇ သန်းဘိုး ရောင်းနေရတယ်။

Betel nut with Tobacco ဆေး-ကွမ်းယာ နဲ့ ကျန်းမာရေး


မြန်မာနိုင်ငံသားတွေ မျိုးရိုးစဉ်ဆက် စားသုံးလာခဲ့ကြတဲ့ ကွမ်းယာဟာ ကာလရွေ့လျားလာတာနဲ့ အစပ်အဟပ်တွေ ပြောင်းလာတယ်။ ငါန်းမြာကဆေးလဲ မဟုတ်တော့တာ များလာပြီး၊ တံတားဦးက ကွမ်းနုဝါလဲ စာထဲသာသာ ရှိတော့တယ်။ အပြင်ကနေ ဝင်ချင်တာမှန်သမျှ ဒလဟော နေရာယူလာတယ်။ ကောင်းမှန်း-ဆိုးမှန်း မသိတာတွေက များတာအမှန်ဘဲ။ ပွင့်လင်းမှုက တစက်မှမရှိ၊ လေ့လာမှုကိုလဲ လိုက်ကာချ၊ သုတေသနဆိုတာလဲ ဘွဲ့ရဘို့ လုပ်တဲ့စာတမ်း သာသာလောက်သာ ရှိနေခဲ့တာ နှစ်ပေါင်း လေးငါးဆယ် ကြာနေခဲ့တယ် မဟုတ်ပါလား။

ကျန်းမာရေးအတွက် မကောင်းဘူး၊ မသင့်ဘူးလို့ သိထားပေမဲ့ အခုမှပိတ်ပင်လာနေရတယ်။ အခုမှပိတ်တာက ထိရောက်ရင်တော့ နောင်မှာ ဖြစ်ချင်မှ ဖြစ်ပါမယ်။

ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ OIC အဖွဲ့ကိုဖိတ်ခေါ်


2012-08-10
ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားပါတယ်။
Photo: President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က သမ္မတ ဦးသိန်းစိန် တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။
သမ္မတ ဦးသိန်းစိန်ကလည်း ရခိုင်ပြည်နယ် ပဋိပက္ခကို စုံစမ်းဖို့ ဆော်ဒီအာရေဗျ အခြေစိုက် OIC အဖွဲ့ လာရောက်တာ ကြိုဆိုကြောင်း၊ OIC အတွင်းရေးမှူးဟာ ရခိုင်ပြည်နယ်က အခြေအနေမှန်တွေကို မျက်မြင် တွေ့ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တူရကီ နိုင်ငံခြားရေး ၀န်ကြီး အနေနဲ့လည်း မြန်မာနိုင်ငံက အခြေအနေမှန်တွေနဲ့ ပတ်သက်ပြီး OIC ကို ရှင်းပြဖို့လည်း ဦးသိန်းစိန်က တိုက်တွန်းပါတယ်။
ရခိုင်ပြည်နယ်မှာ မူဆလင်တွေအပေါ် လုံခြုံရေးတပ်တွေက ဖိနှိပ် နှိမ်နင်းနေတယ်ဆိုတဲ့

အစိုးရ၏ အလွတ်သဘော တွေ့ဆုံခြင်း အပေါ် BLC မှ လက်မခံ

WLB_and_peace_missionမြန်မာ နိုင်ငံ ရှေ့နေများ ကောင်စီ BLC (Burma Lawyer’s Council) သည် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ကမ်းလှမ်းချက်ကို လက်မခံ ပယ်ချခဲ့သည်ဟု ကောင်စီဝင် တဦးဖြစ်သူ ဦးမြင့်သိဏ်းက ပြောပါသည်။
“ပြီးခဲ့သည့် ဇူလိုင်လကုန် ကတည်းက ကမ်းလှမ်းခဲ့ပါ။ ဦးအောင်မင်း မဲဆောက်လာသွားတဲ့ နောက်ဆုံးအခေါက်မှာပေါ့။ သူတို့က BLC ဥက္ကဌ ဦးသိန်းဦးနဲ့ အလွတ် သဘော တွေ့ဆုံချင်လို့ ပြောလိုက်တာပါ။ တကယ်တော့ BLC ဆိုတာက ဥပဒေ အဖွဲ့အစည်း တခုလေ။ အစိုးရဖက်က ကြားကနေပြီး ညှိနှိုင်းသလိုလို ဆွေးနွေးသလိုလို ဘာမှန်းညာမှန်းမသိပဲ လာပြီးတွေ့လိုက် စကားပြောပြီး ပြန်သွားလိုက် အဆင့်လောက်နဲ့ကတော့ အလုပ်မဖြစ်ဘူးလေ။ ဒီလုပ် ရပ်တွေဟာ ဥပဒေအရ သဘာဝ မကျဘူး။”ဟုဆိုပါသည်။

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း တိုက်ခိုက်ခံရ

ထွန်းထွန်း

အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ်ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟုJakataglobe ဆိုဒ်တွင် ရေးသားထားသည်။

သောကြာနေ့ ဗလီမှ ဘုရားဝတ်ပြု ဆုတောင်းပြီး အပြန် Islamic Defenders Front (FPI) အမည်ရှိ အဖွဲ့ သည် ဗလီနားမှာ လူစုပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဆူလာဝီမြို့မှာရှိသည့် ကွမ်ကောင်နှင့် ဇီယာမာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းကို တုတ်တွေ၊ ခဲတွေ နဲ့ပစ်ပေါက် ကြပြီး ကျောင်းတံခါးလမ်းဝတွေကို ရိုက်ပုတ် ဖျက်စီးခဲ့ကြသည်ဟု ၄င်းသတင်းစာ ကဆိုသည်။
ဇီယာမာ ဘုန်းတော်ကြီးကျောင်းမှာ ဆူလာဝီစီအခြေစိုက် Council of Buddhist Communities (walubi) ၏ ဌာနခွဲ အတွင်းရေးမှူးရုံး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အကြမ်းဘက် တိုက်ခိုက်မှုအား ရဲတပ်ဖွဲ့မှလွယ်ကူ ချောမောစွာထိန်းသိမ်းနိုင်ခဲ့ပြီး FPI နှင့် Walubi နှစ်ဖွဲ့အကြား ဆက်လက်မဖြစ်ပွားရအောင် သက်ဆိုင်ရာမှ အစည်းအဝေးတခု ပြုလုပ်ကာ ဖြေရှင်းခဲ့ရသည်ဟု ဆိုသည်။
“မြန်မာ-ရခိုင်ပြည်မှာ ရိုဟင်ဂျာ အမည်ခံ မွတ်ဆလင် များးအေ

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက် UNESCO မှ အကူအညီပေးမည်


အေဒီ ၁၀ ရာစုမှ ၁၄ ရာစုနှစ်အတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းအဆောက်အဦးပေါင်း သုံးထောင်ကျော် ကျန်ရှိနေသေးသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် UNESCO မှ အကူအညီပေးသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရှိရသည်။

ထိုသို့ UNESCO မှ ပုဂံဒေသအား
ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးရာတွင် ပုဂံဒေသတစ်ခုတစ်ခုတည်းသာမကပဲ ပျူမြို့ဟောင်းများဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်းများလည်း ပါဝင်ကြောင်း သိရသည်။

ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ


တပ်မတော်အစိုးရလက်ထက်ကတည်း ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့သူ သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ဝန်ကြီးဌာနများ လူအပြောင်းအလဲလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိကြာင်း နေပြည်တော် သမ္မတရုံးနှင့်နီးစပ်သည့် သတင်းရပ် ကွက်မှ စုံစမ်းသိရှိရသည်။

ပြန်ကြားရေဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ဆက်ဆံရေးကောင်းမွန်ပြီး သံတမန်ဆန်သည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် အစား ထိုးဖွယ်ရှိကြောင်း ဦးကျော်ဆန်းသည် လူအများနှင့် ဆက်ဆံရေးမပြေပစ်သော်လည်း အလုပ်ကြိုးစားသူတစ်ဦးဖြစ်၍ ဝန်ကြီးအဖြစ်မှ ယုတ်လျှော့ဖွယ် မရှိဟု ထပ်ဆင့်စုံစမ်းသိရှိရသည်။

ထိုင်း-မြန်မာ ပညာရေး ဖလှယ်မည်

ချင်းမိုင် တက္ကသိုလ် မှ သင်ကြားရေး အစီအစဉ် တခု(ဓာတ်ပုံ – chiangmaiplaces.com)
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ Rajamangala University of Technology Lanna တက္ကသိုလ်သည် ပညာရေး ဖလှယ်မှု အစီအစဉ်အရ မြန်မာနိုင်ငံ အဆင့်မြင့် ပညာ ဦးစီးဌာနနှင့် မကြာခင် နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးရန် စီစဉ် နေ ကြောင်း သိရသည်။
MOUသဘောတူညီမှုအရ နှစ်နိုင်ငံ ဘာသာစကားနှင့် ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာမှုများ ပါဝင်မည် ဖြစ်ကြောင်း Rajamangala တက္ကသိုလ်မှ တာဝန်ရှိသူ Chaiyong Eurviriyanukul က ဧရာဝတီကို ပြောသည်။