ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ


သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန်စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ  “ဒီနေ့လည်း ကန်စွန်းရွက်ပဲလားကွာ” ဆိုပြီး မညည်းတွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရိုတင်း စတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် သင့်ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။
(၁) အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်
ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံး သဘာဝ ဆေးတစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန်ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေတာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။
(၂) ဝမ်းမှန်မှန်သွားစေပါတယ်
ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆ ပိုမိုပါဝင်ပြီး ကယ်လ်စီယမ် ပါဝင်မှုက ၁၂ ဆ ပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမို ပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်းရွက်ကို စားပြီးချိန်မှာ အူထဲရှိ အက်စစ် ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်းကြောင်းရှိ Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီးပေးတဲ့ အာနိသင်ရှိပါတယ်။
(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယုံကြည်ကြသလို ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက်သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေ အတွက်လည်း တခြား အစားအသောက်တွေ နေရာမှာ အစားထိုးစားသင့်တဲ့ အစာပဲ ဖြစ်ပါတယ်။
(၄) သွေးဖိအားကို ထိန်းပေးပါတယ်
သွေးတိုးနေသူတွေမှာ ကန်စွန်းရွက်ကို စားပေးရင် သွေးဖိအား လျော့ကျစေပါတယ်။ ကန်စွန်းရွက်ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။
(၅) သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်
ကန်စွန်းရွက်မှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။
(၆) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရပ်ကျပ်ရောဂါ၊ အအေးမိတာ၊ ချောင်းဆိုးတာနဲ့ လေပြွန် ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ် အများအပြား ပါဝင်ကာ အဆိပ်တား အာနိသင်၊ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကို ရရှိစေပါတယ်။
(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်
ကန်စွန်းရွက်မှာ အမျှင်ဓာတ် အများအပြား ပါဝင်တဲ့အပြင် အင်ဆူလင်လို အာနိသင်လည်း ရှိကာ ဆီးချိုသွေးချို ရောဂါ ကာကွယ်ရေး အနေနဲ့ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။
(၈) အဆိပ်ပြေစေပါတယ်
ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှားတာကြောင့် အော့အန်တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်ရဲ့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့-
- ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
- ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
- ဗောက်ထတာနဲ့ အရေပြား ပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
- အနာတွေကို သက်သာစေပါတယ်။
- နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
ကြယ်စင်
Ref: Good Health
https://www.facebook.com/notes/health-articles

Itchy penis ပန်းအဖျား ယားခြင်း


ကျွန်တော့် အသက်ကတော့ ၂၆ နှစ်ထဲမှာပါ။ လူပျို လူလွတ် တစ်ယောက်ပါ ခုချိန်ထိအောင် ဘယ်မိန်းကလေးနဲ့မှလဲ ဆက်ဆံခြင်း မရှိခဲ့ဖူးပါဘူး။ ကျွန်တော်ရဲ့ မွေးရာပါထိပ်ဖျား အတွင်းပိုင်း အရေခွံ နေရာလေးတွေမှာ မကြာခဏဆိုသလို ယားယံခြင်း၊ ခြေမိလျင် အနဲငယ် ရောင်ရမ်းခြင်း၊ ပွန်းပဲ့သော ဒဏ်ရာကဲ့သို့ ပူစပ်ပူစပ်ဖြစ်ခြင်း၊ ပူစပ်စပ်ဖြစ်တဲ့အခါ အရေပြားလေးတွေ တစ်ချို့ နေရာတွေမှာ အက်ကွဲကြောင်းလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

တစ်ကိုယ်သန့်ရှင်းရေး ညံ့လို့များလားလို့ ဂရုစိုက်၍ သတိထား လုပ်ကြည့်ပါသော်လဲ ပြောင်းလဲ လက္ခဏာ မတွေ့ရသေးပါ။ နေ့စဉ်တော့ မဟုတ် ရက်ခြား ရက်ခြား ဖြစ်ပေါ်ပါတယ်။ တစ်နှစ်နီးပါးမျှ ကြာခဲ့ပါပြီ။ အရင်က ဒီလို မဖြစ်ဖူးပါဘူး။ ဘာရောဂါ ဖြစ်နေမှန်းလဲ မခန့်မှန်းတတ်ပါ။ အစာအာဟာရ ချို့တဲ့၍လား ဆိုတာလဲ မခန့်မှန်းတတ်ပါ။ အင်တာနက် စာမျက်နှာပေါ်မှလဲ လက်လှမ်း မီသမျှ စာများ ဖတ်ကြည့်ခဲ့ပါတယ်။ မဝေခွဲတတ်ပါဘူး။ ခုချိန်ထိ ဘာဆေးမှလဲ သုံးစွဲခြင်းမရှိသေးပါဘူး။ ယောက်ျား ပန်းအဖျား ယားတာကို ဖြစ်စေတဲ့ အကြောင်းခံ အစုံကို စာရင်းပြုရရင် -
1. Allergies or Irritants အလာဂျီ၊ = Antihistamine E.g. Citrizine Tablet ဆေးသောက်ပါ။
2. Balanitis ပန်းဖျားရောင်နာ၊
3. Candida infection မှို၊ = Azole, Miconazole, Tioconazole, Clotrimazole, luconazole, Butoconazole, Nystatin, Amphotericin B ဆေးသုံးပါ။
4. Contact dermatitis ထိစပ်မှုကြောင့်ဖြစ်တဲ့ အရေပြားနာ၊
5. Dermatitis အရေပြားရောင်၊ ယားမယ်၊ နာမယ်။
6. Eczema နှင်းခူနာ၊ နာတာရှည်အရေပြားနာ၊ ဒီနေရာမှာဖြစ်တာ အလွန့်အလွန် ရှားတယ်။ မြင်တာနဲ့ သိသာတယ်။
7. Genital herpes ရေယုံ၊ လိင်တဆင့်ကူးလာတာ များတယ်။
8. Irritation to soap/shampoo ဆပ်ပြာ- ဆပ်ပြာရည်-ခေါင်းလျှော်ရည်နဲ့ မတည့်တာ၊
9. Lichen planus များသောအားဖြင့် ဆေးမတည့်ရာကနေ ဖြစ်ပြီး တခြားနေရာမှာသာ ဖြစ်လေ့ရှိတဲ့ အရေပြားနာတမျိုး၊
10. Peile cancer ကင်ဆာ၊ အနာ-အဖုရှိတယ်၊ ပေါင်ခြံမှာ အကြိတ်ထွက်မယ်။
11. Penile rash အလာဂျီ၊ = Antihistamine E.g. Citrizine Tablet ဆေးသောက်ပါ။
12. Poor hygiene သန့်ရှင်းရေးနည်းလို့၊
13. Psoriasis နာတာရှည် ရောဂါပြီးစနစ် ကမောက်မဖြစ်ရာက အရေပြားနာ၊ တခြားနေရာ ဖြစ်တာများတယ်။ Corticosteroids ပါတဲ့ လိမ်းဆေးသုံးပါ။
14. Psychological/Sexual cause စိတ်၊
15. Pubic lice သန်း၊ = 1% Permethrin Lindane shampoo, Malathion lotion 0.5% Ivermectin
16. Reiter's syndrome ရှားပါးတဲ့ အဆစ်နာနဲ့တွဲနေတဲ့ရောဂါ၊
17. Ringworm (Tinea infection) ပွေး၊ အနားသတ် သတ်တ်မှတ်မှတ်ရှိတယ်။ ယားမယ်။
18. Scabies ဝဲ၊ = Benzyl benzoate လိမ်းဆေး၊
19. STDs (Chlamydia and Herpes Zoster) လိင်ကတဆင့်ကူးစက်ရောဂါ၊ စနစ်တကျ ကုသပါ။
20. Syphilis ဆစ်ဖလစ်၊ အနာ၊ တခုခုဆင်းတာရှိမယ်။
21. Trichomoniasis လိင်ကတဆင့်ကူးစက်ရောဂါ၊ အရည်ဆင်းမယ်၊ ယားမယ်၊ နံမယ်။ Metronidazole (Flagyl) Tablet စားဆေး၊ Clotrimazole Cream လိမ်းဆေး၊

• Symptoms ရောဂါလက္ခဏာတွေအနေနဲ့ ဖြစ်တဲ့ ပန်းအဖျားမှာ ယားတာပါဘဲ၊ ယားလို့၊ ကုတ်လို့၊ ပွတ်ခြေလို့ နီရဲ-ရောင်ရမ်း လာမယ်။ နဲနဲပါးပါး အရေပြားကွဲမယ်။ ကွဲရာ-ပွန်းရာကနေ ဒုတိယပိုး ဝင်းလာနိုင်တယ်။ နောက်ဆက်တွဲ ရောဂါပေါ့။
• ကျားလိင်အင်္ဂါမှာ ရောင်-ရဲ နေတာကို Balanitis ခေါ်တယ်။ ဂရိစကား ဝက်သစ်ချသီး ကနေလာတာပါ။ သန့်ရှင်းရေးလိုလို့ ဖြစ်တာပါ။
• တခါတလေ လိင်ဆက်ဆံအပြီး ခဏဖြစ်တာမျိုးလည်းရှိတတ်တယ်။ ပျောက်သွားတာပါဘဲ။ အဖေါ် အမျိုးသမီးရဲ့ မိန်းမကိုယ်ထဲက ရှိတဲ့ Thrush (Candida Yeast) မှို နဲ့ မတည့်လို့ပါ။ ကိုယ့်အဖေါ်ကို ဆရာဝန်ဆီလွှတ်ပါ။
• Psoriasis ခေါ်တဲ့ အရေပြားနာ တမျိုးနဲ့လဲ ဆက်စပ်နေတတ်တယ်။ Steroid cream စတီရွိုက်လိမ်းဆေးနဲ့ ပျောက်တယ်။
• ဆပ်ပြာသုံးတာ ဂရုစိုက်ပါ။ စိုးရိမ်ပြီး ပိုးသတ်ဆေးမျိုး ရေချိုးရာမှာ Disinfectant မသုံးသင့်ပါ။ ဖြစ်တဲ့နေရာကို ဆားရေနဲ့ ဆေးတာက ပိုကောင်းပါတယ်။ အတွင်းခံကို ဖွတ်လျှော်တာတောင် ရိုးရိုးဆပ်ပြာကိုသာ သုံးသင့်တယ်။ Biological or enzyme powders တွေ မသုံးသင့်ပါ။
• ကိုယ့်မှာ တကယ် Thrush (Candida Yeast) မှိုရောဂါရရင်တော့ Clotrimazole Antifungal cream လိမ်းဆေး၊ Fluconazole tablet စားဆေး ပေးရမယ်။
• ဆီးချိုရှိ-မရှိ စစ်ပါ၊ ကုသပါ။
• သာမန်ဖြစ်နေတာကို ဆေးအပြင်းစား မလိမ်းပါနဲ့။ သန့်ရှင်းရေး ဂရုစိုက်ပါ။ စိုစွပ်နေတာ မကောင်းပါ။ ယားတာ သက်သက်အတွက် Calamine lotion, Xylocine cream လိမ်းနိုင်တယ်။ ပိုးမဝင်အောင် Betadine, Pivodine, Neomycin, Gentamycin, Cipro လိမ်းဆေး တခုခုလိမ်းနိုင်တယ်။ အရက်ပြန်၊ အိုင်အိုဒင်း မလိမ်းပါနဲ့။

ရောဂါတခုခြင်းအကြောင်း သိဘို့လိုပါမယ်။ ရောဂါ-ဆေး ရေးပြီးသားတွေ ရှိပါတယ်။

Dr. တင့်ဆွေ
၃-၁-၂ဝ၁၁

Anal itching စအိုနေရာယားခြင်း


နားနှင့်မနာ ဖဝါးနှင့်နာပါရှင့်။ သမီးက အသက် (၂၈) နှစ် အပျိုပါ။ စအိုတ၀ိုက်မှာ ယားယံနေသည်မှာ နှစ်လကျော်လောက် ရှိပါပြီ။ သံချဆေး Albandazone 400mg ကို နှစ်ပတ်ခြားတစ်ခါ သုံးကြိမ် သောက်ပြီးပါပြီ။ ဒါပေမယ့် စအိုပတ်လည်တင် မကဘဲ မိန်းမအင်္ဂါ ဘေးနှစ်ဘက်နှင့် အပြင်လမ်းကြောင်းမှာပါ ယားယံနေပါတယ်။ နေ့ရောညပါ ယားနေတာပါ။ အရင် ယားနေတာ အဖြူမဆင်းပါဘူး။ အခု အဖြူဆင်းတာ နှစ်ရက်ရှိပါပြီ။

ကိုယ်ခန္ဓာ ယားယံတဲ့အကြောင်း ၃ မျိုးရေးပြီးပါပြီ။ ဒီတခါ ၄ ခုမြောက်ဖြစ်တယ်။
Anal itching စအိုနေရာယားခြင်းကို ဆေးစာနဲ့ Pruritus Ani လို့ခေါ်တယ်။ ဖြစ်စေတဲ့ အကြောင်းရင်းတွေမှာ သာမန်ကာ ရှန်ကာ ဥပမာ အစားအသောက်၊ သန့်ရှင်းမှု လိုတာမျိုးတွေပါသလို ဆေးကျကျနနကုမှ ပျောက်မှာလဲပါတယ်။
• Dry skin အရေပြား ခြောက်သွေ့နေခြင်း၊
• Too much moisture အရေပြားစိုထိုင်းမှု များနေခြင်း၊
• Fecal incontinence ဝမ်းမလုံရောဂါ၊
• Overuse of laxatives ဝမ်းနုတ်ဆေး လိုတာထက်ပိုသောက်ခြင်း၊
• Excessive washing ဆေးကြောတာကို လိုတာထက်ပိုလုပ်ခြင်း၊
• Chemical irritants ဆပ်ပြာ၊ သန့်ရှင်းရေးသုံးဆေးရည်၊ ကိုယ်ဝန်တားပစ္စည်း စတာတွေနဲ့ မတည့်ခြင်း၊
• Skin disorders (Psoriasis, Seborrhea, Eczema) အရေပြားနာတွေ ရှိနေခြင်း၊
• Hemorrhoids လိပ်ခေါင်း၊
• Anal abrasions, fissures and fistulas စအိုကွဲနာ၊ ဂရင်ဂျီနာ၊ စအိုဘေး ပွန်းပဲ့နေခြင်း၊
• Food irritants အစားအသောက်၊ ဥပမာ အပူ-အစပ်၊ ခရမ်းချဉ်သီး၊ အချဉ်သီး၊ ချောကလက်၊
• Antibiotics) ပိုးသေဆေးတွေ သောက်နေရခြင်း၊
• Infections (STD) လိင်ကတဆင့် ကူးစက်ရောဂါ၊
• Pinworms တုပ်ကောင် (သန်ကောင်) ရှိခြင်း၊
• Anal tumors စအို ကင်ဆာ၊
• Anxiety or stress) စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊

ဘယ်လိုကုသမလဲ
• အကြောင်းခံကိုရှာပြီး ကုသရမယ်။
• နေရာကို သန့်ရှင်းရေး လုပ်သင့်သလောက် ညင်ညင်သာသာ လုပ်ပါ။ ပြီးတာနဲ့ ခြောက်သွေ့အောင်လုပ်ပါ။ ပေါင်ဒါ ထည့်နိုင်တယ်။ လေမှုတ်ကရိယာ သုံးနိုင်တယ်။ (တစ်ရှူး-ပေပါ) သုံးနိုင်တယ်။
• (တစ်ရှူး-ပေပါ) အမျိုးအစား ပြောင်းသုံးပါ။
• ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ ကုသပါ။
• အတတ်နိုင်ဆုံး မကုပ်ပါနဲ့။ ရေအေး၊ ရေနွေး သုံးကြည့်ပါ။
• (ကော်တွန်) အောက်ခံသာသုံးပါ။ တင်းကြပ်မနေပါစေနဲ့။

ဆေးတွေ
• လိမ်းဆေး = Hydrocortisone cream or ointment (Cortaid, Preparation H Anti-Itch Cream) (စတီရွိုက်) လိမ်းဆေး အများဆုံး သုံးတယ်။ Zinc oxide ointment (Desitin, Balmex) လိမ်းဆေး နဲ့ Capsaicin ငရုပ်သီးကနေလုပ်တဲ့ လိမ်းဆေးကိုလဲ သုံးနိုင်တယ်။
• သောက်ဆေး = Antihistimine (Cetrizine) တည ၁ ပြားသောက်ရင် ယားတာ သက်သာမယ်။

Yeast infections (Candidiasis) မှို (ဖန်းဂတ်စ်)
• အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတယ်။ စအိုနေရာသာမက (ဗဂျိုင်းနား) နေရာတွေမှာပါ ယားတယ်။ ဆီးချိုးရှိနေရင် ပိုဆိုးမယ်။
• ဒီမှိုက လူတွေရဲ့ ပါးစပ် နဲ့ (ဗဂျိုင်းနား) မှာ ရှိနေတဲ့အကောင်။ ဒါ့ကြောင့် မွေးလမ်းကြောင်းမှာ ဒီမှိုကြောင့်ရတဲ့ ရောဂါကို STD လိင်ကတဆင့် ကူးစက်ရောဂါလို့ မသတ်မှတ်ဘူး။ အမျိုးသမီးတွေမှာ တသက်မှာ အနည်းဆုံးတခါ Vaginal yeast infections ဖြစ်သူပေါင်း ၇၅% ရှိတယ်။ ယားမယ်၊ အဖြူဆင်းမယ်၊ ဒိန်ခဲလို အဖတ်အဖတ်တွေ ဖြစ်တတ်တယ်။ လိင်ဆက်ဆံတဲ့အခါ နာမယ်။
• ဒီဆေးတွေက (ဗဂျိုင်းနား) ထဲ ထည့်ရတယ်။ စအိုနေရာကိုပါ လိမ်းနိုင်တယ်။
o Clotrimazole Vaginal suppositories မွေးလမ်းထည့်ဆေး 100 mg ၆ ည၊ 200 mg ၃ ည။
o Miconazole ointment or 2% cream or 100-200 mg suppository မွေးလမ်းထည့်ဆေး၊ ၃ ည။
o Nystatin 100,000 units vaginal tablets မွေးလမ်းထည့်ဆေး ၁၄ ရက်။
o Fluconazole 150 mg ပြန်ပြန်ဖြစ်နေသူတွေကို တပါတ်တခါ ပေးတယ်။
• အဖြူဆင်းတာနဲ့ပါ တွဲနေတတ်လို့ Metronidazole စားဆေး တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၇ ရက် သောက်ပါ။

Pinworm တုပ်ကောင် (သန်ကောင်)
• Mebendazole (Vermox) ဆေးကို တကြိမ်တည်းပေးတာနဲ့ ရတာများတယ်။
• တချို့ကို ၁ ပါတ်နေတခါ၊ ဒါမှ မဟုတ် ၂ ပါတ်နေတခါ ထပ်ပေးရတယ်။ တကြိမ်တည်းပေးပြီးနောက် ၃ ပါတ်နေရင် တခါထပ်ပေးသင့်တယ်။ နောက် ၃ ပါတ်နေရင်ရင် တခါ၊ ပေါင်း ၃ ခါပေးရတယ်။ အသက် ၂ နှစ်အောက် ဆေး တဝက်သာပေးပါ။
• Albendazole (Albenza) ကိုလဲ အဲလိုပေးသင့်တယ်။ ဒီဆေးက ဘေးထွက်ဆိုးကျိုးနဲနဲပိုတယ်။
• Pinworms သန်ကောင်က ဆီးလမ်း၊ လိင်လမ်းကိုပါ ကူးစက်တာဆိုရင် Mebendazole (Vermox) + Ivermectin (Stromectol) ဆေး ၂ မျိုး တွဲပေးရမယ်။

Ivermectin (Stromectol) ဆေး
• အဓိက အရေပြားအောက်ကနေ ဝင်တဲ့ Strongyloidiasis (Threadworm) သန်ကောင်အတွက် သုံးတယ်။ အသဲနဲ့ အူထဲအထိ ရောက်တယ်။
• Onchocerciasis (River blindness) ရောဂါအတွက်ကိုလည်း ပေးတယ်။ မျက်စိကို ထိခိုက်စေတဲ့ သန်ကောင် ဖြစ်တယ်။
• Onchocerciasis (River blindness) အတွက်ဆိုရင် 3, 6, or 12 လစီခြား ပေးရမယ်။ လူကြီး = 150 mcg/kg တကြိမ်ပေးပါ။ နောက် ၃-၁၂ လမှာထပ်ပေးပါ။
အသက် ၂ နှစ်အောက် ဆေး တဝက်သာပေးပါ။
• Strongyloidiasis (Threadworm) အတွက်ပေးရင် Stool exam ဝမ်းစစ်တာကို ၃ ခါ လုပ်သင့်တယ်။ မတွေ့မှ ကင်းရှင်းပြီလို့ ပြောနိုင်တယ်။ လူကြီး = 200 mcg/kg
အသက် ၂ နှစ်အောက် ဆေး တဝက်သာပေးပါ။
• Roundworm သန်လုံးကောင်၊ Lice သန်း၊ နဲ့ Scabies ဝဲ-ယားနာတွေအတွက်လည်း သုံးနိုင်တယ်။
• ဒီဆေးကို အစာမရှိချိန်မှာ ပေးတာကောင်းတယ်။
• ဘေးထွက်-ဆိုးကျိုး = ခေါင်းကိုက်၊ ခေါင်းမူး၊ ကြွက်သားနာ၊ ပျို့၊ ဝမ်းပျက်။

Dr. တင့်ဆွေ
၆-၅-၂ဝ၁၂

အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ


အသက် (၁၈) ပြည့်မှ ဖတ်ပါ။

အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။




၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။
၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။
၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

ပိုမိုကောင်းမွန်အောင်
သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ လိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။
နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

တင်ဆက်သူ---နိုင်ဦး-၁၁၉
email----intensemuscle@gmail.com
            myanmarfitnesstrainer@gmail.com
            muscleprofessor@gmail.com
www.myanmarfitness.com

Tadalafil (တာဒါလာဖေးလ်) ယောက်ျားသုံးဆေး


ကာမအားဆေးများ အမြဲသုံးရင်ဘာဖြစ်နိုင်သလဲ

ဆေးနာမည် စာလုံးပေါင်းပြောပါ။

Fri, Jan 18, 2013 at 7:20 PM
အသက် ၃၉ ကျား ဆေးက Duron-20 Tadalafil Tablets 20mg

Tadalafil (တာဒါလာဖေးလ်) ဆေးကို Adcirca နဲ့ Cialis Tablets စားဆေးအနေနဲ့ ထုတ်လုပ်ရောင်းချတယ်။
ဆေးဝါးဗေဒအရ ပြောရရင် Inhibition of phosphodiesterase type 5 (PDE5) အမျိုးအားဖြစ်တယ်။ အရင်ဆုံး သုံးခဲ့တာက Pulmonary arterial hypertension အဆုပ်ရောဂါတမျိုးအတွက် ဖြစ်တယ်။ အခုခေတ်စားလာတာကတော့ Erectile dysfunction ပန်းသေ-ပန်းညှိုးအတွက်ဖြစ်တယ်။ Benign prostatic hyperplasia (BPH) ခေါ်တဲ့ ယောက်ျား အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း အတွက်လဲ သုံးပါတယ်။

တခြားရောဂါတွေအတွက် တနေ့မှာ 5 mg ပေးတယ်။ ပန်းသေနေတာအတွက် 5, 20, 40 mg ပေးရတယ်။ တနေ့မှာ တခါသာသောက်ပါ။ လိင်ဆက်ဆံဘို့အချိန်ထက် ၃ဝ မိနစ်ကြိုတင်သောက်ပါ။ များသောအားဖြင့် ၃၆ နာရီအထိ ဆေးမသောက်တာထက် ပိုပြီး သန်မာနေတာတွေ့ရတယ်။

ဘေးထွက်-ဆိုးကျိုးတွေနဲ့ သတိထားစရာတွေ -
• မျက်နှာနီမြန်း (၁၃%)၊ သွေးတိုး (၃%)၊ နှလုံးခုန်မြန် (၂%)၊ နှလုံးကိုသက်ရောက်မှုများ၊ အးယုတ်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊
• Priapism ခေါ်တဲ့ ၄ နာရီအထိ ကျားလိင်အင်္ဂါသန်မာနေတာကျမသွားတာမျိုးလဲတချို့မှာ ဖြစ်တတ်တယ်။
• ဆရာဝန်မညွှန်ဘဲ ဆေးကို တိုးမသောက်သင့်ပါ။
• တကယ်လို့ ခေါင်းမူးတာ၊ ရင်ပတ်နာလာတာ၊ သတိလစ်ချင်သလို ဖြစ်လာတာ။ မျက်စိအမြင်ဝေဝါးလာတာ၊ နာဲးမှာ ဝီဝီမြည်သံကြားလာတာ၊ နားကြားမကောင်းတာတွေ ဖြစ်လာရင် ဆေးကိုချက်ချင်းရပ်ပါ။ အရက်နဲ့တွဲမသောက်ရပါ။ သွေးတိုးကျဆေးသောက်နေရရင် ဆရာဝန်ပြောပါ။
• ဒီဆေးဟာ လိင်ကတဆင့်ကူးစက်ရောဂါတွေကို အကာကွယ်မပေးပါ။ ကိုယ်ဝန်မရအောင်လဲ တားမပေးပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၃

Sat, Jan 19, 2013 at 8:38 PM
ကျွန်တော်က ဘယ်ဘက်ရင်ဘတ်ထဲက နာတယ်အိပ်လို့ ဟိုဘက်ဒီဘက်စောင်းရင်ပိုနာတယ်။ ဆေးစစ်တော့လဲ နှလုံးကမဟုတ်ဘူး။ ကြွက်သားတွေနာတာလို့ ယူဆတယ်။ ဖြစ်တာက တစ်နှစ်ကျော်ပြီ။ ဆရာဝန်ဆေးပေးလိုက်ရင်ပျောက်တယ်။ ပြီးရင်ပြန်နာတယ် ။ဒါပေမဲ့ ဆရာဝန်ကရတယ်ဆိုပြီး ဟိုဟာအတွက် သုံးရက်မှတခါ ဒီဆေး 20mg ကိုတခြမ်းသောက်ခိုင်တယ်။ အဲဒါသောက်လို့ရမလား သိချင်ပါတယ်။

ဆရာဝန်ပြထားရင် စိုးရိမ်စရာမရှိပါ။

အချစ် နှင့် အိမ်ထောင်ရေး

အချစ်ဆိုတာ ဘာလဲ။

ဆရာက ပြောတယ်။

မင်းရဲ့ မေးခွန်းကို ဖြေဖို့အတွက် မင်း စပါးခင်းထဲကို သွားပါ။

အကြီးဆုံး စပါးနှံ (စပါးစေ့ ဆိုရင်လည်း ရမှာပါ။ မြင်သာအောင် စပါးနှံလို့ ပြောတာ) ရွေးယူပြီး

ပြန်လာခဲ့လို့ မှာလိုက်တယ်။ဒါပေမယ့် စည်းကမ်းက စပါးစိုက်ခင်းတန်းတစ်ခုကို တစ်ခါပဲ ဖြတ်ရမယ်။

ပြန်လှည့်ပြီး ကောက်ခွင့် မရှိဘူးတဲ့။ဒါနဲ့ ကျောင်းသားက လယ်ကွင်းထဲ သွားတယ်။ ပထမတန်းကို

ဖြတ်တဲ့အခါ စပါးနှံကြီး တစ်ခုကို မြင်တယ်။ဒါပေမယ့် သူ ထင်တာ နောက်တစ်တန်းမှာ ဒီထက်ကြီးတာ

တွေ့နိုင်သေးတယ်ပေါ့။နောက်တော့ စပါးခင်း တစ်ဝက်လောက်မှာ သူ တွေ့သမျှ စပါးနှံတွေက ပထမ

သူတွေ့ခဲ့တဲ့စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလာတဲ့အခါ သူ နောင်တ ရခဲ့တယ်။ နောက်ဆုံးမှာ

လက်ဗလာနဲ့ဆရာ့ဆီ ပြန်ခဲ့တယ်။ ဆရာ သူ့ကို ပြောတာက……

အဲဒါ အချစ်ပဲ။ မင်းက နောက်ထပ် ဒီထက် ကောင်းတာတွေ့မလားဆိုပြီး ရှာခဲ့တယ်။ ဒါပေမယ့် ကောင်းတဲ့တစ်ယောက်ကို မင်း ဆုံးရှုံးခဲ့ပြီဆိုတာ နောက်တော့မှ မင်းသိလာမယ် တဲ့။

လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲ။

ကျောင်းသားက ထပ်မေးပြန်တယ်။ ဒါဆို လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲတဲ့။

ဒီတော့ ဆရာက ပြောတယ်။ ဒီတစ်ခါ ပြောင်းဖူးခင်းထဲ သွားပါ။အကြီးဆုံး ပြောင်းဖူးယူပြီး ပြန်လာပါလို့

ဆိုသတဲ့။ စည်းကမ်းကတော့ ပထမ စည်းကမ်းအတိုင်းပဲပေါ့။ဒီတစ်ခါတော့ ကျောင်းသားက နပ်သွားပြီ

ဆိုတော့ စောစောကလို မမှားဖို့ သေချာ ဂရုစိုက်ပြီပေါ့။ပြောင်းခင်းအလယ်လောက်မှာတော့ အလယ်

အလတ် ပြောင်းဖူးတစ်ဖူးကို သူ ကျေနပ်စွာ ကောက်ယူပြီး ဆရာ့ဆီ ပြန်လာခဲ့တယ်။

ဆရာ ပြောတာက……..

ဒီတစ်ခါတော့ မင်းပြောင်းဖူး တစ်ဖူး ယူလာနိုင်ပြီ။ မင်း စိတ်ထဲမှာ မင်းကောင်းတာ ရှာတွေ့တယ်၊ မင်း အကောင်းဆုံး ရခဲ့တယ် ဆိုတဲ့ ယုံကြည်စိတ်ချမှု ရှိနေတယ်။ တကယ်တော့ ဟုတ်ချင်မှ ဟုတ်မယ်။
လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာ အဲဒီလိုပါပဲ တဲ့။


အိမ်ထောင်ရေး ကယ်တင်ကြိုးပမ်းပွဲ
Avatar Posted by shwedream 620 days ago (http://nineninesanay.blogspot.com) View profile
Category: Personal & Life

ဥပမာ (၁) ရေးသားသူ Gina

သူနဲ့ကျွန်မက ချစ်သူသက်တမ်း (၁ဝ)နှစ်ကြာမှ လက်ထပ်ခဲ့ကြသူတွေဖြစ်တယ်။ တစ်ယောက်အကြောင်း တစ်ယောက်လုံးဝနားလည်ပြီလို့ ထင်ခဲ့ပေမယ့် လက်ထပ်ပြီးမှ နေထိုင်စားသောက်တဲ့ အမှုအကျင့်တွေ၊ စရိုက်တွေ အခြားနားကြီး ခြားနားကြောင်း သိလိုက်ရတယ်။ ဒါကြောင့် လက်ထပ်ပြီး နှစ်ဝက်မပြည့်ခင်မှာဘဲ ကိစ္စအသေးအမွှားတွေနဲ့ ကျွန်မတို့ မကြာခဏ စကားများခဲ့ကြတယ်။ "ကွာရှင်းမယ်" ဆိုတဲ့ စကားလုံးက ပါးစပ်ကနေ ခုန်ပေါက်ထွက်လာခဲ့တယ်။ နောက်တော့ နှစ်ယောက်စလုံး ခေါင်းအေးအေးထား၊ စိတ်တည်ငြိမ်မှုတွေယူပြီး ကွာရှင်းခြင်းဆိုတဲ့ အန္တရာယ် ချောက်ကမ်းပါးနားရောက်နေတဲ့ အိမ်ထောင်ရေးကို ကယ်တင်ဖို့ ကြိုးစားလိုက်တယ်။ ပြဿနာ အဖုအထုံးကို ရှာဖွေနိုင်ဖို့ ကျွန်မတို့နှစ်ယောက် အိမ်ထောင်ရေး ပညာပေး သင်တန်းကိုတက်ခဲ့ကြတယ်။ သင်တန်းဆရာရဲ့ သင်ပြမှုအောက်မှာ "လူ၊ အလုပ်၊ နေရာ၊ ပစ္စည်းဥစ္စာ" တွေက အိမ်ထောင်ရေးရဲ့ သားသတ်သမားတွေဖြစ်နိုင်သလို အိမ်ထောင်ရေး တည်မြဲဖို့လည်း ကူညီနိုင်တယ်လို့ ကျွန်မတို့ သိလိုက်ရတယ်။ အဲဒီလိုနဲ့ "အိမ်ထောင်ရေး ကယ်တင်ခြင်း စီမံကိန်း" ကို ကျွန်မတို့စပြီး အကောင်အထည်ဖော်ခဲ့ကြတယ်။

၁) ဟန်းနီးမွန်းခရီးတွေထွက်ပြီး ပျားရည်လို ချိုမြိန်တဲ့ နေ့ရက်တွေကို ရှာဖွေမယ်

အလုပ်တွေပစ်၊ အိမ်မှုကိစ္စတွေပစ်ပြီး နှစ်ဦးစလုံးရဲ့ အားလပ်ရက်မှာ ခရီးတစ်ခေါက်ထွက်မယ်။ စိတ်ခွန်အားကို အားဖြည့်မယ်။ အချစ်နဲ့ ချိုမြိန်ခဲ့ဖူးတဲ့ နေ့ရက်တွေကို ပြန်လည်တူးဆွမယ်။

၂) ပတ်ဝန်းကျင်နဲ့ လူကို အမြဲဆန်းသစ်အောင် ပြောင်းလဲမယ်

အိမ်ထဲက အိမ်အသုံးအဆောင် ပရိဘောဂတွေကို မကြာခဏ နေရာရွေ့ပြောင်းပေးမယ်။ နွေးထွေး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးမယ်။ အိပ်ရာမဝင်ခင် ဖိအားတွေ လျှော့ချစေနိုင်တဲ့ အမွှေးဆီတွေကို ထွန်းညှိမယ်။ ရေနွေကြမ်းတစ်အိုးကို သူနဲ့အတူ အရသာခံသောက်ပြီး တစ်နေ့တာ အတွေ့အကြုံကို မျှဝေမယ်။ စကားတွေ ဖလှယ်မယ်။ "communicate" နဲ့ နှစ်ဦးကြားမှာ ဝေးနေတဲ့ အကွာအဝေးကို ဆွဲစေ့မယ်။ မင်္ဂလာ နှစ်ပတ်လည်နေ့ပဲဖြစ်ဖြစ်၊ မွေးနေ့ပဲဖြစ်ဖြစ်၊ လက်ဆောင်ပစ္စည်း ဒါမှမဟုတ် အပြုအမှု တစ်ခုခုနဲ့ တစ်ဖက်လူ အံ့သြဝမ်းသာအောင် လုပ်မယ်။ အချစ်၊ ပျော်ရွှင်ခြင်းတွေကို နှစ်ဦးစလုံးရဲ့ ရင်ဘတ်ထဲမှာ စုနိုင်သမျှ ထည့်စုမယ်။

၃) ဟာသဥာဏ်နဲ့ EQ တွေကို မွေးမြူမယ်

လင်မယားစကားများရင် အတတ်နိုင်ဆုံး အဆိပ်ရှိတဲ့ စကားလုံးမျိုးကို ရှောင်ပါ။ တစ်ဖက်သားရဲ့ အားနည်းချက်၊ သိက္ခာကို မထိခိုက်မိပါစေနဲ့။ EQ သုံးပြီး ရန်ပွဲကနေ အမြန်ဆုံးခွါပါ။ စိတ်တည်ငြိမ်မှုရမှ ဘာကြောင့်စကားများရတယ်ဆိုတဲ့ အရင်းအမြစ်နဲ့ ဖြေရှင်းနိုင်မယ့် အဖြေကို ရှာပါ။

"အိမ်ထောင်ရေး" ဆိုတာ လှပအဖိုးတန်တဲ့ နှင်းဆီပန်းတစ်ပွင့်နဲ့တူတယ်။ နှစ်ဦးနှစ်ဖက်လုံး ပြုစုယုယသင့်တယ်။ ရှင်သန်ကြီးထွားဖို့ မကြာခဏ မြေသြဇာတွေ ထည့်ပေးရတယ်။ အဲဒီလိုမှမဟုတ်ဘဲ သူ့ဘာသာသူ ကြီးချင်သလို ကြီးပါစေဆိုပြီး မြေသြဇာမထည့်၊ ပေါင်းမနုတ်ဘဲ ပစ်ထားရင် တစ်ခါတလေမှ တိုက်ခတ်တတ်တဲ့ လေဒဏ်၊ မိုးဒဏ်တောင် သူခံနိုင်မှာ မဟုတ်ပါဘူး။ အလွယ်တကူ ညှိုးနွမ်းသေကြေနိုင်ပါတယ်။ ဒါကြောင့် ဒီနှင်းဆီလေးလှပအောင် လန်းဆန်းနေအောင် နှစ်ဦးစလုံး ကြိုးစားသင့်ပါတယ်။



“အချစ်နဲ့ အိမ်ထောင်ရေး”
“ဒီဆောင်းပါးလေး ရေးသားရာမှာ understanding backward စိတ်ထားနဲ့ ရေးသားတာမဟုတ်ဘဲ understanding forward စိတ်ထားနဲ့ ရေးသားထားကြောင်း ကြိုတင် အသိပေးလိုပါတယ်။ 'Understanding Backward' ဆိုတဲ့ စကားဟာ “အသေမှတ်ထားခြင်း၊ တစ်ယူသန်အယူအဆများ” ကို ဆိုလိုပြီး၊ 'Understanding Forward' စကားဟာ အတွေးအခေါ်၊ စိတ်ကူးကို ဖွင့်ပြီး နားလည်မှု တည်ဆောက်ခြင်းကို ဆိုလိုပါတယ်။”


သာယာအဆင်ပြေသော အိမ်ထောင်ရေးတွင် အချစ်သည် အရေးအပါဆုံးအချက်ဖြစ်သည်ဟု ယုံကြည်သူများ ရှိသလို အချစ်သည် စိတ်ကူးယဉ်သမားများအတွက်သာ ဖြစ်သည်၊ စနစ်တကျ စီစဉ် ပြင်ဆင် တည်ဆောက်သော အိမ်ထောင်ရေးဆိုလျှင် အချစ်သည် အဓိကမကျ အရေးမကြီးလှဟု ဆိုသူများကလည်း ဒုနဲ့ဒေး။

အိမ်ထောင်ရေးတွင် အချစ်သည် အဓိကမဟုတ်ဟု ဆိုသူများက အထောက်အထားအဖြစ် ရာသက်ပန် ခိုင်မြဲနေသော အိမ်ထောင်ရှင်စုံတွဲအချို့ ကို လက်ညှိုးထိုးပြကြသည်။ ယင်းစုံတွဲများမှာ လက်မထပ်မီက တစ်ဦးနှင့် တစ်ဦး ချစ်ကြိုက်ခြင်း မရှိခဲ့ရုံမက လူးချင်းလည်းမသိ၊ လူကြီးမိဘများက သင့်တော်လို့ ဓာတ်ပုံပြ စေ့စပ်စီစဉ်ချက်ဖြင့် ထိမ်းမြားလက်ထပ်ခဲ့သူများ ဖြစ်ပေသည်။ ထိုသို့ လူကြီးမိဘစီမံရာကို နာခဲ့ပြီး လက်ထပ်ခဲ့သူများ (မူလက တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်ခြင်း မရှိပါဘဲလျက်) အိမ်ထောင်သက် ရှည်ကြာခိုင်မြဲနေခြင်းကို ထောက်၍ အိမ်ထောင်ရေးတွင် အချစ်သည် အဓိကမဟုတ်ဟု ဆိုကြခြင်း ဖြစ်ဟန်တူပေသည်။

စင်စစ်အားဖြင့် ဤကိစ္စကို ရှုထောင့် တစ်ခုတည်းမှနေ၍ ယထာဘူတ ကျမည်မဟုတ်ပေ။ ရှုထောင့်အမျိုးမျိုးမှ စုံလင်အောင် ကြည့်ပါမှ မှန်ကန်သော အဖြေထွက်လာမည် ဖြစ်ပေသည်။

လူကြီးမိဘများက သင့်တော်သည်ထင်၍ စေ့စပ်စီစဉ်သော အိမ်ထောင်ရေးကို လူငယ်များက လက်ခံထိမ်းမြားခဲ့ရာမှ အိမ်ထောင်သက်ရှည်ကြာတည်တံ့ခြင်းကို မည်သည်အကြောင်းများကြောင့်နည်းဟု စိစစ်သုံးသပ်ကြည့်ရန် လိုပေလိမ့်မည်။
*လက်ထပ်ပြီးနောက်နှစ်ရှည်လများ အတူတကွ နေလာရ၍ လူချင်းနီးစပ်ရာမှ ဖြစ်ပေါ်လာသည့် သံယောဇဉ်မျိုး တွယ်တာခြင်း၊ သားသမီးများ ရလာ၍ ကလေးများအပေါ် မိဘ၏ ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်ခြင်း စသည်တို့ ရှိလင့်ကစား ဇနီးမောင်နှံ၏ အိမ်ထောင်ရေးဘ၀သည် တကယ့်အနှစ်သာရ ပြည့်စုံခြင်း မရှိနိုင်ဟုလည်း ဆိုနိုင်ပေသည်။
*လက်ထပ်ပြီးနောက် လင်မယားကွာရှင်း ပြတ်စဲခြင်းမရှိဘဲ အိမ်ထောင်တည်မြဲနေခြင်းများလည်း ရှိတတ်ပေသည်။ သို့ရာတွင် ဇနီးမောင်နှံ အတူတကွ ဆက်လက်ပေါင်းသင်းနေရုံနှင့် သူတို့၏ အိမ်ထောင်ရေး သာယာအဆင်ပြေကာ ပျော်ရွှင်ဖွယ်ကောင်းနေပြီဟု အလွယ်တကူ မှတ်ချက်ချ၍ မဖြစ်သေးချေ။ မကြာခဏ လင်နှင့်မယား စိတ်သဘောထားချင်း မတိုက်ဆိုင်မှု တစ်ယောက်အပေါ် တစ်ယောက် အပြစ်မြင်မှု စသည်တို့ ရှိသော်လည်း မိဘဆွေမျိုါ်မျက်နှာကြောင့်လည်းကောင်း၊ အခြားသော လူမှုရေးအကြောင်းများကြောင့် ရရှိနေသော သားသမီးများကို ငဲ့ကွက်၍သော်လည်းကောင်း၊ လင်မယား ကွာရှင်းပြတ်စဲသည့် အဆင့်သို့ မရောက်ဘဲ ရေလိုက် ငါးလိုက် နေကြရသည့် ဇနီးမောင်နှံမျိုးတွေကိုလည်း တွေ့ရတတ်ပေသည်။ လင်မယား ပေါင်းသင်းနေလင့်စကား နှစ်ဦးစလုံးတွင် စိတ်ကျေနပ် ချမ်းမြေ့မှု မရရှိဘဲ ဖြစ်နေတတ်ပေသည်။
*လူချင်း ပဋိပက္ခမဖြစ်ဘဲ နေသည်ထားဦး။ လင်နှင့်မယား ပေါင်းသင်းရာတွင် အသည်းနှလုံးထဲမှ လှိုက်လှိုက်လှဲလှဲ ချစ်ကြသော ဇနီးမောင်နှံတို့၏ ဘ၀ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ကျေနပ်မှု၊ သာယာပီတိဖြစ်မှုတို့ မရရှိနိုင်ဘဲ “ဆားမပါသည့် ဟင်း စားရသလို ပေါ့ပြက်ပြက်နှင့် အရသာမပြည့်စုံ” ဖြစ်နေ တတ်၏။

နိုင်ငံခြားမှ လိင်ပညာပေး ပါရဂူများနှင့် အိမ်ထောင်ရေး အကြံပေး ပုဂ္ဂိုလ်ကြီးများကမူ သာယာချမ်းမြေ့မှု ပြည့်စုံသည့် အိမ်ထောင်ရေးတွင် အချစ်သည် မရှိလျှင် မဖြစ်လောက်အောင် အရေးအကြီးဆုံး လိုအပ်ချင်ပင် ဖြစ်သည်ဟု ဆိုကြပေသည်။ အချို့ ပွင့်ပွင့်လင်းလင်း ရေးတတ်သော ဆရာကြီးများကဆိုလျှင်
“အချစ်မပါဘဲ အိမ်ထောင်ပုခြင်းသည် ယောက်ျားနှင့် မိန်းမ ခန္ဓာကိုယ်ချင်း ဆက်ဆံခြင်းသက်သက်ဖြစ်၍ တိရစ္ဆာန်များ အထီးအမ မိတ်လိုက်ခြင်းနှင့်မခြား”ဟုပင် ဆိုကြ၏။

မိန်းကလေးနှင့် ယောက်ျားလေးတို့ တကယ်စစ်မှန်သော အချစ်ဖြင့် နှစ်နှစ်ကာကာ ချစ်ခင်မေတ္တာသက်ဝင်ပြီးမှ အခြေအနေပေး၍ အိမ်ထောင်ပြုလိုက်သောအခါ စာဖြင့်ရေးသာ ဖော်ပြခြင်းငှာ မစွမ်းနိုင်အောင် ထူးခြားပြည့်စုံသည့် အိမ်ထောင်ရေးအရသာကို ခံစားရပေလိမ့်မည်။ သူတို့နှစ်ဦးအဖို့ ခန္ဓာကိုယ်ချင်း ဆက်ဆံပေါင်းသင်းခြင်းတည်းဟူသော ရာဂစိတ်ပြေငြိမ်းရာ လိင်ကိစ္စတစ်ခုတည်းမဟုတ်တော့။ ထိုထက်ပို၍ ပြီးပြည့်စုံကာ အနှစ်သာရ ရှိသော အိမ်ထောင်မှုသုခသည် ရှိလာမည်သာ ဖြစ်ပါသည်။

ဤနေရာတွင် စိတ်က ရုပ်ကို လွှမ်းမိုးသည်ဟူသော သဘောတရားကိုပါ ဆက်စပ်ဆွေးနွေးကြည့်ရအောင်။

မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား လှိုက်လှိုက်လှဲလှဲချစ်နေပြီဆိုလျှင် သူ၏ စိတ်ထဲ၌ ချစ်သူအပေါ် စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မြတ်နိုးမှု၊ ကြည်ညိုလေးစားမှု၊ အလိုလိုက်ချင်မှု စသည်တို့ အပြည့်အ၀ ရှိနေမည်ဖြစ်၏။ မိမိချစ်သူအား အခါခပ်သိမ်း အလိုလိုက်ချင်သည့် စေတနာလည်း အပြည့်အ၀ရှိ နေသဖြင့် လက်ထပ်ပြီး လင်မယားဘ၀တွင် ယင်းစေတနာကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားပြီးသာ ဖြစ်၏။ ယင်းဆုံးဖြတ်ချက် စေတနာတို့သည် လက်ထပ်ပြီး၍ အကြင်လင်မယားဖြစ်လာသောအခါ၌ တကယ်လည်း အကောင်အထည်ပေါ်လာတော့၏။ ထိုအချိန်၌ မိန်းကလေးအဖို့ ချစ်သူအား အလိုလိုက်ရခြင်း။ စိတ်ရောကိုယ်ပါ ပုံအပ်ရခြင်း၊ မိမိချစ်သူနှင့် အသည်းနှလုံးချင်း ရောယှက် နီးစပ်ထိကပ်နေရဘိကဲ့သို့ ထင်ရခြင်း၊ မိမိမြတ်နိုးသောသူ၏ အလိုဆန္ဒပြည့်ဝအောင် ဖန်တီးဖြည့်စွက်ပေးရခြင်း စသော စိတ်လှုပ်ရှားမှု အာရုံများနှင့်အတူ ကြည်နူးသာယာ ပီတိဖြာမှု အရသာကို ခံစားရမည်ဖြစ်သည်။

ယောက်ျားလေးအနေနှင့်လည်း မိမိချစ်မြတ်နိုးသော မိန်းကလေးနှင့် ထိမ်းမြာလက်ထပ်ပြီး၍ ဆက်ဆံ ပေါင်းသင်းရသောအခါ သာမန်ဆက်ဆံရေးသဘောမျိုး မဖြစ်ဘဲ မိမိ အသက်ပေးချစ်ရသူ၏ အသည်းနှလုံးကို ကာယကံမြောက် တကယ်ပင် ဆုပ်ကိုင်ရယူရဘိသကဲ့သို့ ကျေနပ်မှုအရသာကို ခံစားရပါသည်။ ချစ်သူ၏ စိတ်ရောကိုယ်ပါ ပိုင်ဆိုင်ရယူကာ လက်ဝယ်ရောက်ရှိသကဲ့သို့ အားရ တင်းတိမ်တတ်ပါသည်။

ဤသည်ကား အချစ်မပါသော အိမ်ထောင်ရေးမျိုးနှင့် အချစ်ဖြင့် အရင်းတည်သော အိမ်ထောင်ရေး တွင် လက်ထပ်ပြီးခါစ ကာယကံမြောက် ပေါင်းသင်းရသည့်အခါ ကြုံတွေရမည့် ထူးခြားချက် တစ်စိတ်တဒေသပင် ဖြစ်ပါသည်။

*****

အိမ်ထောင်ဦး အခါသမယ လွန်မြောက်၍ နောက်ပိုင်းအချိန်ကာလများတွင်လည်း ချစ်သူချင်း လက်ထပ် ထိမ်းမြားရသည့် အကျိုးထူးများသည် ဆက်လက်၍ ထင်ရှားပေါ်လွင် လာဦးမည် ဖြစ်ပေသည်။ အထူးသဖြင့် စိတ်သဘေားထား တိုက်ဆိုင်မှု ကိစ္စတွင် အချစ်ဖြင့် တည်ဆောက်သော အိမ်ထောင်ရေးက များစွာ သာမည် ဖြစ်ပေသည်။

အိမ်ထောင်သည်ဘ၀တွင် ချစ်သူရည်းစားဘ၀ဖြင့် နေရသည်နှင့် လုံးဝမတူဘဲ ဟန်ဆောင်မှုများ ကင်းလာမည် ဖြစ်လေရာ ဇနီးမောင်နှံနှစ်ဦးစလုံး၏ ပင်ကိုသဘာဝ စရိုက် စိတ်နေသဘောထားတို့သည် အမှန်အတိုင်း ဘွင်းဘွင်း ပေါ်လာမည်ဖြစ်၍ လူသားတို့ ထုံးစံအတိုင်း ချို့ ယွင်းချက်ကလေးများသည်လည်း အသီးသီး ပေါ်ထွက်လာတတ်၏။

သည်လိုအခါများတွင် တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်ပြီး ယူကြသူများနှင့် မိဘပေးစား၍ လက်ထပ်ရသော ဇနီးမောင်နှံအဖို့ အကြီးအကျယ် ကွာခြားမှုရှိကြောင်း တွေ့ရပေလိမ့်မည်။ တစ်ယောက်ကို တစ်ယောက် သီးခံခွင့်လွတ်ခြင်း၊ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်ခြင်း၊ တစ်ယောက်၏အလိုကို တစ်ယောက်က လိုက်လျောခြင်း စသည်တို့ကို တကယ်ချစ်သော ဇနီးမောင်နှံတို့တွင်သာ မုချ မြင်ရ ပေလိမ့်မည်။ ငါ့ချစ်သူ စိတ်ချမ်းသာလျှင် ပြီးရောဟူသော အတွေးက ၀င်လာတော့သည်။ အကြောင်းမူကား ချစ်သူအပေါ် အမှန်ထားရှိသော မေတ္တာဓာတ်က အပြစ်ဟူသမျှကို ဖုံးလွှမ်း ပပျောက်စေနိုင်သောကြောင့် မဟုတ်ပါလား။

မေတ္တာသက်ဝင် ချစ်ခင်ခြင်းမရှိဘဲ စီးပွားရေး ကုန်ရောင်းကုန်ဝယ်လုပ်သလို အပေးအယူတည့်အောင် စေ့စပ်ခြင်းဖြင့် အကောင်အထည်ဖော်ကာ တည်ဆောက်လိုက်သော အိမ်ထောင်ရေးများတွင်ကား အချစ်ဟူသော မေတ္တာဓာတ်ဖြင့် အခြေခံ တည်ဆောက်ထားခြင်းမရှိသောကြောင့် သာယာချမ်းမြေ့ဖွယ် အဆင်ပြေမှုမျိုးရှိရန် မလွယ်ကူလှချေ။ သည်လို အိမ်ထောင်ရေးမျိုးကို ယခုခေတ် လူငယ်များ မည်သည့်နည်း နှင့်မျှ အားကျခြင်း မသင့်ပေ။

လက်ထပ်ပေါင်းသင်းပြီး စိတ်သဘောထားချင်း မတိုက်ဆိုင်၍ ကွာရှင်းပြတ်စဲပြီး နောက်အိမ်ထောင်သစ်ထူရင် ရသားပဲဟု စောဒက တက်ချင်သူများလည်း ရှိကြပေမည်။ အခုညား အခုကွာ။ အခုနောက်တစ်ယောက် ထပ်ယူကြသည့်ဓလေ့ အလွန်ခေတ်စာနေသော အနောက်နိုင်ငံများ၌ပင်လျှင် ယခုအခါ လူမှုရေးသိပ္ပံ ပညာပါရဂူများက အိမ်ထောင်ရေး တည်တံ့ခိုင်မြဲမှု ရှိမှသာလျှင် စိတ်၏ချမ်းသာမှုကို ပေးစွမ်းနိုင်သည်ဟု ဆိုနေကြပေပြီ။ အိမ်ထောင်ရေးသာယာရေး၊ အိမ်ထောင်သက် တည်တံခိုင်မြဲရေးအတွက် အကြံပေးပုဂ္ဂိုလ်များ Marriage Counsellor များ ပေါ်ပေါက်လျက်ရှိရာ အနောက်နိုင်ငံသား လူငယ်ပေါင်းများစွာက ယင်းအကြံပေး ပုဂ္ဂိုလ်များထံ ချဉ်းကပ် အကူအညီတောင်းနေကြသည်။ အခကြေးငွေပေး၍ အိမ်ထောင်မှု ဆိုင်ရာ အကြံဥာဏ်များ၊ ညွှန်ကြားချက်များ ရယူနေကြပေသည်။ အဓိပ္ပာယ်ကား လက်ထပ်ပြီးမှ လင်မယား ကွဲခြင်းထက် အိမ်ထောင်ရေးသာယာ တည်တံ့ရေးကို ပိုမိုလိုလားကြသည်ဟူသော သဘောပင်တည်း။

ဒါကြောင့် အိမ်ထောင်ရေးတွင် အချစ်သည် အရေးကြီးဆုံးသော အခြေခံအုတ်မြစ် တစ်ခုဖြစ်ကြောင်း ထင်ရှားပေါ်လွင်လောက်ပေသည်။

အချစ်ဆိုသော်လည်း အရွယ်ရောက်က ကျောင်းသူကျောင်းသားဘ၀တွင် မိန်းကလေးနှင့် ယောက်ျားလေး မျက်စိကျပုံမျိုး (သို့) ဆယ်ကျော်သက်တို့၏ အချစ်မျိုးနှင့် ရောထွေးအထင်မမှားစေရန်လည်း အရေးကြီးလှ ပါသည်။

အချစ်ဟူသည် အလွယ်တကူ ပေါ့ပေါ့ဆဆ သဘောထား၍ရသော အရာမျိုးမဟုတ်ပေ။ ဆန့်ကျင်ဘက် လိင်ကို တောင့်တ မက်မောခြင်းမျိုး၊ ရုပ်ရည်ချောမောလှပခြင်းကြောင့် နှစ်သက်သဘောကျပုံမျိုးများကိုလည်း အချစ်စစ်အချစ်မှန်ဟု အလောတကြီး ဆုံးဖြတ်၍ မရနိုင်ပေရာ မိမိအတွက် တကယ့်အချစ်ကို ရှာတွေ့ရန် မလွယ်ကူလှပါဟု ဆိုရပေမည်။
“အချစ်ကို တိုင်းတာမှတ်ကျောက်တင်စစ်ရန် အကောင်းဆုံးနည်း၊ အမှန်ကန်ဆုံးသော စမ်းသပ်ချက်မှာ အချိန်ကာလပင်ဖြစ်ပါသည်။”

သို့ဖြစ်ပါ၍ ချစ်သူတွေ့ထားပြီဆိုသည်နှင့် တစ်ပြိုင်နက် အချိန်ကာလ၏ မှတ်ကျောက်တင် စစ်ဆေးခြင်းကို ခံကြည်ရန် စိတ်ကူးရပေမည်။ ထိုအတောအတွင်း ချစ်သူနှင့် ပက်သက်မေးခွန်းပေါင်းများစွာကိုလည်း ကိုယ့်ဘာသာကိုယ် ထုတ်၊ ကိုယ့်ဘာသာကို ဖြေဆို ကြည့်ရပေမည်။

အဓိကအားဖြင့် ငါသည် ငါ့ချစ်သူနှင့် အသက်ထက်ဆုံး ဘ၀ခရီးလမ်းတစ်လျှောက် အတူတွဲသွားရန် အဆင်သင့် ရှိပါ၏လော၊ လူချင်းစရိုက်ချင်း ကွာခြားမှု ရှိသင့်သလောက် ရှိကြသဖြင့် နှစ်ရှည်လများ အတူတကွ ပေါင်းသင်းနေထိုင်သွားနိုင်မည်လော၊ ငါ့ချစ်သူတွင် ဘာချို့ ယွင်းချက်ရှိရှိ၊ ဘယ်လို အပြစ်မျိုးပဲလုပ်လုပ် ငါက ချစ်ခင်ကြည်ဖြူစွာ ထာဝရ ခွင့်လွှတ်နိုင်မည်လော စသည့် မေးခွန်းများသည် အရေးကြီးပါသည်။

ယင်းမေးခွန်းများ၏ အဖြေကို မထောက်မညှာ အမှန်အတိုင်း ဆုံးဖြတ်ရရှိ၍ ချစ်သူအပေါ် တကယ့်မေတ္တာ စေတနာများ အခါမရွေး ထားနိုင်မည်ဆိုလျှင်ကား မိမိ၏ အချစ် မှတ်ကျောက်တင် စာမေးပွဲ အောင်မြင်သည်ဟု ဆုံးဖြတ်နိုင်ပြီ ဖြစ်ပါတော့သည်။



အိမ်ထောင်ရေး (၃)မျိုး
Views: 83

ပထမအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး—- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။

ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။
ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။
တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။

ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။

ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။

တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။

ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက ပထမအကြိမ်နဲ့ လုံးဝကွဲပြားတယ်။ အဲဒီလက်ထပ်ပွဲတွေမှာ ခမ်းနားတဲ့ မင်္ဂလာအဆောင်အယောင်တွေ မပါသလို၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆုမွန်ကောင်းတွေမပါခဲ့ဘူး။ အခမ်းအနားမှာ နှစ်ဦးသားရဲ့ နားလည်မှုပဲရှိခဲ့တယ်။

တကယ်လက်ထပ်တယ်ဆိုတာက နောက်ဆုံးနှစ်ကြိမ်နဲ့ ပိုဆိုင်ပါတယ်။

အခုခေတ် လူအများရဲ့ အိမ်ထောင်ရေးက လက်ထပ်ပြီး နှစ်တိုတိုအတွင်းမှာ ကွာရှင်းကြတယ်။ ကွာရှင်းကြတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင် ကိုယ်လက်ထပ်ခဲ့တဲ့ ပထမအကြိမ်ကို ဒုတိယအကြိမ်ထိ အရောက်မတွန်းပို့နိုင်ခဲ့လို့ဖြစ်တယ်။

အားလုံးသိကြတဲ့အတိုင်း ရေနွေးဆူဆူက ပိုးမွှားတွေကို သတ်ပစ်နိုင်သလို အချိန်မြင့်တဲ့အချစ်ဒီဂရီက ချစ်သူရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုကို မျက်ကွယ်ပြုနိုင်တယ်။

ချစ်နေတဲ့အချိန်မှာ မမြင်ခဲ့မိတဲ့ အားနည်းချက်၊ မပြည့်စုံမှုတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ မပူ၊ မအေးတဲ့ ရေထဲရောက်သွားတဲ့အခါ အဲဒီအားနည်းချက်နဲ့ မပြည့်စုံမှုတွေက ပိုးမွှားတွေလို ပြန်ရှင်သန်လာတတ်တယ်။

ဒီလိုအချိန်မျိုးမှာ ဒုတိယအကြိမ်လက်ထပ်ခြင်းကို ကိုယ်ရွေးချယ်သင့်ပါတယ်။ သူ့အကျင့်နဲ့လက်ထပ်မယ်၊ သူရဲ့အားနည်းချက်နဲ့ မပြည့်စုံခြင်းတွေကို နားလည်ခွင့်လွတ်ပေးမယ်၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ရေးက အမြစ်ပါးသွားတဲ့သစ်ပင်လို တဖြေးဖြေး ကျူံ့ဝင်ခြောက်ကပ်သွားနိုင်တယ်။

အရမ်းချစ်ပြီး ယူထားကြသူနှစ်ဦးက နှစ်တိုတိုလေးအတွင်းမှာ ကွာရှင်းကြတာဟာလည်း ဒုတိယအကြိမ် လက်ထပ်ခြင်းဆီ အရောက်မသွားနိုင်ခဲ့လို့ဖြစ်တယ်။

ဒုတိယအကြိမ် လက်ထပ်ခြင်းထဲ ဝင်ရောက်နိုင်သူနှစ်ဦးက “ကွာရှင်းမယ်”ဆိုတဲ့စကားကို အပြောနည်းသွားတတ်တယ်။သူတို့ရဲ့စိတ်ထဲမှာ တစ်ဘက်သားရဲ့ အကျင့်စရိုက်နဲ့မပြည့်စုံမှုတွေကို နားလည်လက်ခံထားလို့ဖြစ်တယ်။ တစ်ခါတလေတစ်ဘက်သားရဲ့ ဒီလိုမပြည့်စုံမှုက ကိုယ့်ကိုဂရုစိုက်မှုအသွင် ပြောင်းစေခဲ့လို့ဖြစ်တယ်။

ဒီလိုအချိန်မျိုးမှာ အိမ်ထောင်ရေးက ချိုမြိန်နွေးထွေးနေပြီး အချင်းချင်း နားလည်ခွင့်လွတ်ခြင်းတွေနဲ့ ပြည့်နေပါလိမ့်မယ်။

အိမ်ထောင်ရေးနွေးထွေးတာနဲ့ အိမ်ထောင်ရေးတည်မြဲပြီလို့ ယူဆလို့မရနိုင်သေးဘူး။ အိမ်ထောင်ရေးတည်မြဲဖို့တတိယအကြိမ်လက်ထပ်ခြင်းကို အရောက်တက်လှမ်းနိုင်ရဦးမယ်။ အဲတာက တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းနဲ့လက်ထပ်တာပဲဖြစ်တယ်။

တစ်နည်းပြောရရင် သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းဆီအရောက် ဖြန့်ကျက်နိုင်ဖို့ဖြစ်တယ်။ ဒီလိုချစ်ခြင်းမေတ္တာမျိုးမှာ အိမ်ထောင်ရေးအတွက် အသိဥာဏ်တွေကိုပေးတယ်။

ကိုယ့်ရဲ့တစ်ခြမ်းကို ကိုယ်ပဲပိုင်ဆိုင်တာ မဟုတ်ပါဘူး။ သူ့ကို သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ပါတယ်။ ပြီးတော့ သူ့ကိုယ်သူ ပိုင်ဆိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရေးကတည်မြဲပြီး ခွဲချင်တယ်ဆိုရင်တောင် မလွယ်တကူ မခွဲနိုင်တော့ပါဘူး။

ချစ်ခြင်းလောကမှာ ယောက်ျားအများစုက အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်တာပဲလို့ထင်မှတ်ကြတယ်။ အဲဒီမိန်းကလေးရဲ့ လိုအင်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်းကို လျစ်လျူရှူထားတတ်ကြတယ်။

မိန်းကလေးအများစုကလည်း အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်ကို လက်ထပ်တာလောက်ပဲသိခဲ့ပြီးအဲဒီယောက်ျားရဲ့အကျင့်၊ စရိုက်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်း ဆွေမျိုးသားချင်းတွေနဲ့လည်း လက်ထပ်ရမယ်ဆိုတာကိုမသိနားမလည်ခဲ့ဘူး။

ဒီလိုမသိနားမလည်ခြင်းကြောင့် အခုခေတ်မှာ အိမ်ထောင်ပြိုကွဲသူတွေ ပိုများလာတာကို တွေ့ကြရတယ်။

မြေမြှုပ်မိုင်းရှင်းလင်းရေး ဒေါ်အောင်ဆန်းစုကြည် ကူညီမည်


(ဓာတ်ပုံများ - NLD Facebook)

မြေမြှုပ်မိုင်းတွေ အများအပြား စုဝေးရာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ကို တနင်္ဂနွေနေ့က ရောက်ခဲ့တဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြေမြှုပ်မိုင်းရှင်းလင်းရေး အတွက် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုကြောင်း NLD Facebook မှာ ဖော်ပြထားပါတယ်။


ပြည်သူ့လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျောက်ကြီး မြို့နယ်တွင် ဖွင်လှစ်ထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဆက်ဆံရေးရုံးကို ရောက်ရှိစဉ် အဲဒီလို ပြောဆိုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းရှင်းလင်းရေးအပြင်  ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်း၊ ဒေသဖွံဖြိုးမှု မြှင့်တင်ဆောင်ရွက်ရေး၊ မိုင်းသင့်စစ်ဘေးဒဏ်ခံ မသန်စွမ်းသူများ ဘ၀ တိုးတက်ရေးတို့ အတွက် ဆောင်ရွက်ပေးမယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

KNU ကလည်း ဒီလုပ်ငန်းစဉ် နဲ့ လုပ်ငန်းနယ်ပယ်  အသီးသီးမှာ  ပူးပေါင်းပါဝင်ဖို့ သဘောတူကြောင်း
KNU အမှတ် (၃) တပ်မဟာမှုး စောအယ်ကလူသိန်းက ပြောကြားခဲ့ပါတယ် တဲ့။
google map
(မှတ်ချက် - ကျာက်ကြီးနဲ့  ထိုင်းမြန်မာနယ်စပ် အကွာအဝေးက မိုင် ၂၀  မကဘူးလို့ စာဖတ်သူတဦးက ထောက်ပြပါတယ်။ ဂူဂဲလ်မှာ ပြန်ကြည့်တော့ သူပြောသလိုပဲ မိုင် ၅၀ ၀န်းကျင် ဝေးကွာတာ တွေ့ရပါတယ်။ ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။)
ကရင်တိုင်းရင်းသား အများအပြား နေထိုင်တဲ့ ကျောက်ကြီးဟာ ထိုင်းမြန်မာနယ်စပ်နဲ့ မိုင် ၅၀ အကွာမှာ တည်ရှိပါတယ်။ မြေပုံမှာ ကြည့်ရင် ကျောက်ကြီးကို နေပြည်တော်-ရန်ကုန် လမ်းမကြီးနားမှာ တွေ့ရမှာပါ။

ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ခဲ့တဲ့ ကျောက်ကြီးဒေသဟာ မကြာသေးခင်ကာက စတင်တည်ငြိမ်လာပါတယ်။ KNU ကလည်း ဆက်ဆံရေးရုံးတရုံး ဖွင့်ခဲ့ပါတယ်။

နော်ဝေနိုင်ငံကလည်း ကျောက်ကြီးဒေသမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အကြောင်း၊ မြန်မာငြိမ်းချမ်းရေး အထောက်အကူပြု အစီအစဉ် (Myanmar Peace Support Initiative – MPSI) အောက်မှာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့ နော်ဝေသံရုံးရဲ့ အွန်လိုင်းမှာ ရေးသားထားပါတယ်။
နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ကလည်း ဒီဒေသမှာ စီမံကိန်းတချို့ ရှိတယ်လို့ အဲဒီ အွန်လိုင်းမှာပဲ ရေးထားပါတယ်။

ပဲခူးတိုင်းထဲမှာ မြေမြှုပ်မိုင်းတွေ အသက်ဝင် အိပ်စက်နေတဲ့ မြို့တွေကတော့ ကျောက်ကြီး၊ ရွှေကျင်၊ ထန်းတပင်၊ တောင်ငူမြို့တွေ ဖြစ်တယ်လို့ နိုင်ငံတကာမြေမြှုပ်မိုင်းပိတ်ပင်ရေးကွန်ရက်    International Campaing to Ban Landmines ရဲ့ အွန်လိုင်းမှာ ဖော်ပြထားပါတယ်။

(မှတ်ချက် - ကျောက်ကြီးနဲ့  ထိုင်းမြန်မာနယ်စပ် အကွာအဝေးက မိုင် ၂၀ လို့ ဖော်ပြခဲ့ပါတယ်။  စာဖတ်သူတဦးက  မိုင် ၂၀ မကဘူးလို့ ပြောပါတယ်။ ဂူဂဲလ်မှာ ပြန်ကြည့်တော့ သူပြောသလိုပဲ မိုင် ၅၀ ၀န်းကျင် ဝေးကွာတာ တွေ့ရပါတယ်။ ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။)

ဆက်စပ် -

မြေမြှုပ်မိုင်း ရှင်းလင်းရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း







 

ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူများ စတင်လျှောက်ထားနိုင်


ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူများ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား၍ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ကြေညာသည်။ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်၍သော် လည်းကောင်း၊ ကိုယ်ပိုင်အဖြစ် တည်ထောင်လို၍သော် လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။ “ကိုယ်ပိုင်ကျောင်းအဖြစ် နိုင်ငံခြားသင်တန်းကျောင်း ဖွင့်မယ်ဆိုရင် ပြည်တွင်းက မြန်မာအချို့ ပါဝင်ရမှာ ဖြစ်တယ်။ မြန်မာကျောင်းဆိုရင်လည်း သတ်မှတ်ထားတဲ့ ဆရာတွေ ရှိရမှာ ဖြစ်တယ်။ ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူတွေအတွက် သတ်မှတ် စည်းကမ်းတွေ ရှိပြီးသားပါ။ အဲဒီစည်းကမ်းတွေအတိုင်း ညီညွတ်တဲ့သူတွေ အနေနဲ့ ဆက်သွယ် လျှောက်ထားနိုင်မှာပါ” ဟု ပညာရေး အတိုင်ပင်ခံ ဆရာဦးမိုးသူက ပြောသည်။ နိုင်ငံတော်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းတွင် ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သား များစွာ လိုအပ်နေကြောင်း သိရသည်။ ကျွမ်းကျင်လုပ်သား ပိုမိုရရှိရန်နှင့် လုပ်သားထု ကျွမ်းကျင်မှု မြှင့်တင်နိုင်ရန် အတွက် ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကသင်တန်းကျောင်း အမျိုးမျိုး ဖွင့်လှစ်လိုသူများသည် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်လိုသူများ (သို့) ကိုယ်ပိုင်တည်ထောင်လိုသူများ ဆက်သွယ်နိုင်ကြောင်း ကြေညာထာခြင်းဖြစ်သည်။ “လက်ရှိ သင်တန်းကျောင်းတွေက ပေးတဲ့ Certificate အများစုက ပြည်တွင်း နေရာအချို့မှာပဲ အသုံးဝင်တယ်။ တကယ်လည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နိုင်မယ့် နိုင်ငံတကာကလည်း အသိအမှတ်ပြုမယ့် သင်တန်းကျောင်းတွေ များများပေါ်ထွန်းဖို့ မျှော်လင့်ပါတယ်” ဟု အထက (၁) အင်းစိန်ရှိ ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးအေးလွင်က ပြောသည်။ ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်လိုသူများ အနေဖြင့် သတ်မှတ်ထားသည့် နေရာအကျယ်အဝန်း၊ လေကောင်းလေသန့် ကောင်းမွန်မှု၊ ကွန်ပျူတာခန်း၊ အရည်အချင်း ပြည့်ဝသော ဆရာ/ဆရာမများ ရှိရမည်ဖြစ်ကြောင်း ဆရာဦးမိုးသူက ဆက်လက်ပြောကြားသည်။ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ နေပြည်တော်သို့ ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကိုရီးယားခရီးစဉ်အတွင်း သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ပက်ဂွန်းဟေးနှင့် တွေ့ဆုံသွားမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၄ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၅ ရက်တွင် ဟိုနိုလူလူမြို့၌ ဟာဝိုင်ယီ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများနှင့် သီးခြားစီတွေ့ဆုံမည် ဖြစ်သည်။ ထို့နောက် ဇန်န၀ါရီလ ၂၈ ရက်တွင် ဟိုနိုလူလူမြို့၌ ကျင်းပမည့် ရိုထရီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (Rotary Peace Forum) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး ဟာဝိုင်ယီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူမည် ဖြစ်သည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နှင့် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော မစ္စ ပက်ဂွန်းဟေးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ အထူးအိုလံပစ်ပွဲဖွင့်ပွဲသို့လည်း တက်ရောက်မည်ဖြစ်ပြီး ဇန်န၀ါရီလ ၃၀ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးထိပ်သီး ညီလာခံ (Global Development Summit) သို့ တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇန်န၀ါရီလ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၈ ဖောင်ဒေးရှင်းညီလာခံသို့ တက်ရောက်ပြီး ကွမ်ကျူးဆုကို လကခံရယူမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်တွင် ဆိုးလ်အမျိုးသား တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြား၍ ညနေပိုင်းတွင် ကိုရီးယားရောက် မြန်မာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ အမေရိကန်-တောင်ကိုရီးယား ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

ထိုင်းနိုင်ငံရောက် ယာယီမြန်မာ အလုပ်သမားများ ပြန်လာပါက အကူအညီပေးမှု လုပ်ငန်းများအား အဆင့်သင့် ပြုလုပ်ထားကြောင်း သိရ

ha-21-1-10

ထိုင်းနိုင်ငံ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စိစစ်ရေးရုံးအားတွေ့ရစဉ်
ထိုင်းနိုင်ငံသို့ရောက်ရှိနေသော ယာယီမြန်မာ အလုပ်သမားများ ပြန်လာပါက အကူအညီပေးမှု လုပ်ငန်းများအား အဆင့်သင့်ပြုလုပ်ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ထိုသို့ အကူအညီပေးမှု လုပ်ငန်းများတွင် နေရပ်သို့ ပြန်လည်နေရာချထားပေးရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ကူညီထောက်ပံ့ခြင်း လုပ်ငန်းများ၊ နေထိုင်ခွင့် အစီအစဉ်များအတွက် ပြုလုပ်ပေးသွားရန်အတွက် စီစဉ်ထားကြောင်း၊ အဆိုပါကိစ္စများအတွက် နိုင်ငံတော်အနေဖြင့် ဘက်ဂျက်ရှိထားကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလုပ်သားတွေ ပြန်လာရင် ကိုယ့်ဌာနေ ကိုယ်နေရပ်ကို ပြန်လည်ပို့ပေးတာတို့၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက် အကူအညီပေးတာတို့၊ နောက်ပြီး သူတို့ဝင်လာတဲ့အခါ နေထိုင်နိုင်ခွင့်တွေကို အခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးသွားမှာပါ" ဟု လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေမှ ပြောသည်။
လက်ရှိတွင် ထိုင်းရောက် ယာယီမြန်မာနိုင်ငံ အလုပ်သမားများနှင့် ရွှေပြောင်းအလုပ်သမားများအတွက် ၃ လ သက်တမ်းရှိ မှတ်ပုံတင်များ ပြုလုပ်ပေးရန် စီစဉ်လျက်သာရှိသေးကြောင်း သိရသည်။
သို့သော် ယာယီနိုင်ငံကူလက်မှတ်များ ပြုလုပ်ရာတွင် သတ်မှတ်ထားသော ငွေနှုန်းထားထက် များစွာပိုပေးနေရပြီး အဆိုပါ ယာယီနိုင်ငံကူလက်မှတ်အတွက်လည်း ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်းဝန်ကျင်ခန့် ရှိနေပြီး အများစုမှာ တစ်နေ့လျှင် ၀င်ငွေကျပ် ၄၀၀၀ မှ ၈၀၀၀ ထိ ရရှိကြကြောင်း သိရသည်။