လေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန်တွင် ပုံမှန် ကော်ဖီသောက်ခြင်းက
အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို (၆၂)ရာခိုင်နှုန်းဖြင့်
လျှော့ချပေးနိုင်ကြောင်း အမေရိကန်နိုင်ငံမှ သုတေသီများက ထောက်ခံခဲ့
Posted on Apr 07 12 - 12:53 AM
ကျန်းမာရေး လေ့ကျင့်ခန်းများ
ပြုလုပ်ပြီးချိန်တွင် ကော်ဖီသောက်ခြင်းကို အကျင့်တစ်ခုအနေဖြင့်
ပြုလုပ်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်း ပြောကြားလိုက်သည်။
ကဖိန်းဓာတ်နှင့် ကျန်းမာရေး လေ့ကျင့်ခန်းများကို ပူးတွဲလုပ်ဆောင်ပါက
အရေပြားကင်ဆာ ဖြစ်နိုင်သည့် အနေအထားနှင့် ကင်းဝေးစေကြောင်း ပညာရှင်များက
ဆိုသည်။ လေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန်တွင် ပုံမှန် ကော်ဖီသောက်ခြင်းက
အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို (၆၂)ရာခိုင်နှုန်းဖြင့်
လျှော့ချပေးနိုင်ကြောင်း အမေရိကန်နိုင်ငံမှ သုတေသီများက ထောက်ခံခဲ့သည်။
နယူးဂျာစီရှိ ရတ်ဂျာအားနက်စ် မာရီယို ဆေးဝါးကျောင်းမှ ဒေါက်တာ ယိုပင်လူ
ဦးဆောင်သော သုတေသီများသည် ကြွက်များတွင် စမ်းသပ်မှုအရ
ယခုအကျိုးထူးကို
တွေ့ရှိခဲ့ရသည်။
ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများနှင့် ကဖိန်းဓာတ်တို့၏ တွဲစပ်မှုသည်
နေရောင်ခြည်ကြောင့် ဖြစ်နိုင်သည့် အရေပြားကင်ဆာကဲ့သို့ ရောဂါများကို
သိသိသာသာ ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း သိရသည်။ “ဒီတွေ့ရှိမှုက လူသားတွေရဲ့
ကျန်းမာရေး ကဏ္ဍမှာ မတူညီတဲ့ ကုထုံးတွေ ပူးတွဲလုပ်ဆောင်မှုကို
အကျိုးထူးရှိအောင် ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်”ဟု
ဒေါက်တာ ယိုက ပြောကြားခဲ့သည်။ ကြွက်များကို လည်နေသော ဘီးများပေါ်
ပြေးခိုင်းပြီးနောက် ကဖိန်းဓာတ် ဖြည့်တင်းပေးခြင်းဖြင့်
ကင်ဆာဖြစ်နိုင်ခြေကို သိသာစွာ လျှော့ချနိုင်ကြောင်း ဒေါက်တာယိုတို့ သုတေသန
အဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Source: DailyMail
No comments:
Post a Comment