စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းက ကျန်းမာရေးထိခိုက်စေနိုင်


ပညာရှင်များက Screenများနှင့် ပုံမှန်ထိတွေ့မှု များပြားသော လုပ်ငန်းမျိုး လုပ်ကိုင်သူများ အနေဖြင့် အလုပ်ချိန် ပြင်ပတွင် မိမိတို့၏ စမတ်ဖုန်းနှင့် ကွန်ပျူတာများကို ပိတ်ထားသင့်ကြောင်းပင် အကြံပြု ပြောဆိုထား
Posted on Jun 20 12 - 05:50 PM
စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းက ကျန်းမာရေးထိခိုက်စေနိုင်
စမတ်ဖုန်းများ အလွန်အကျွံ သုံးစွဲခြင်းသည် ကျန်းမာရေးကို ထိခိုက်စေတတ်ကြောင်း ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ အလားတူ ဆက်စပ်သက်ရောက်မှုသည် စမတ်ဖုန်းများအပြင် Tablet ကွန်ပျူတာနှင့် Laptopများအတွက်ပါ အကျုံးဝင်ကြောင်း ပညာရှင်များက ဆိုသည်။ Chartered Society of Physiotherapyမှ ပညာရှင်များက ယနေ့ခေတ်တွင် Screen Slaveခေါ် မျက်နှာနှင့် Screen မပြတ်လပ်ဘဲ

အမြဲလိုလို ထိတွေ့နေသည့် လူတန်းစား အလွန် များပြားလာကြောင်း ပြောကြားခဲ့သည်။ ရုံးချိန် ပြင်ပတွင် အလုပ်လုပ်သူများသည် အမြဲလိုလို စမတ်ဖုန်း၊ ကွန်ပျူတာ Screenများနှင့် နီးစပ် ထိတွေ့နေတတ်ကြောင်း သုတေသီများက ဆိုသည်။

ထို့အပြင် စမတ်ဖုန်းများမှ အင်တာနက် အလွန်အကျွံ သုံးစွဲမှုမျိုးသည်လည်း ကျန်းမာရေးကို အဆိုးဘက်မှ သက်ရောက်စေကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။ အလုပ်ဖိစီးမှု၊ အာရုံကြောနှင့် အမြင်အာရုံ ထိခိုက်မှုများသည် Screen Slave အခြေအနေနှင့် ဆက်နွယ်နေကြောင်း ပညာရှင်များက ထောက်ပြခဲ့သည်။ ယင်းကဲ့သို့ ပစ္စည်းကိရိယာများကို ရေရှည် အသုံးပြုသူများသည် လှုပ်ရှားမှု နည်းပါးသွားတတ်ကြောင်းလည်း ဆိုသည်။ ပညာရှင်များက Screenများနှင့် ပုံမှန်ထိတွေ့မှု များပြားသော လုပ်ငန်းမျိုး လုပ်ကိုင်သူများ အနေဖြင့် အလုပ်ချိန် ပြင်ပတွင် မိမိတို့၏ စမတ်ဖုန်းနှင့် ကွန်ပျူတာများကို ပိတ်ထားသင့်ကြောင်းပင် အကြံပြု ပြောဆိုထားသည်။

Source: BBC

No comments:

Post a Comment