သံဃာတော်များအနေဖြင့် အမှန်တရားဘက်ရပ်တည်ခွင့်မရခြင်းက မမှန်ကန်သေးကြောင်း ရွှေည၀ါဆရာတော်ပြောကြား



ခေတ်ကာလပြောင်းလဲမှုအရ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြင်ဆင်ဆောင်ရွက်မှုများအနေဖြင့် နှေးကွေးလျှက်ရှိနေခြင်း သံဃာ တော်များအနေဖြင့်လည်း ခေတ်၏ပွင့်လင်းလာမှုနှင့်အတူ အမှန်တရား အတွက် ရပ်တည်၍ အခွင့်မရရှိခြင်းနှင့် အမှန်တရားဘက်ရပ်တည်မှု ကို ပိတ်ပင်မှုများရှိနေခြင်းမှာ မမှန်ကန်သေးကြောင်း၊ မှန်ကန်မှုအား ဖုံးကွယ်ထားရာရောက်ကြောင်းရွှေည၀ါဆရာတော်ကြီးမှ ဇန်န၀ါရီ လ(၈)ရက်နေ့၌ မိန့်ကြားခဲ့သည်။

““အခု တချို့ကထင်ကြတယ်။ ဒီဘုန်းကြီးနေရာကာလျှောက်ကြွနေ တယ်လို့ထင်မယ်။ ဘုန်းကြီးတို့ သံဃာတွေအနေနဲ့ အမှန်တရားဘက်က နေရပ်တည်ရမယ်။ ခေတ်ကာလအရ အမှန်တရားဘက်ကရပ်တည်ခွင့် မရသေးတာကိုက မမှန်သေးတာ။ လတ်တလောပြောရရင် လက်ပံတောင်းကိစ္စမှာ သံဃာတွေကို အရှင်လတ်လတ်မီးရှို့တယ်။ ဒီလိုမျိုးသံဃာတွေကို စော်ကားလာရင် စော်ကားသူတွေကို ဆန္ဒပြဖို့ မြတ်စွာဘုရားက အတိအလင်းမိန့်ဆိုတယ်။ နောက်ထပ်တစ်ခုပြောချင် တာက ကိလေသာဗလပွနဲ့ ၂၀၀၈ ခုဥပဒေကိုဆွဲထားတဲ့ ကိလေသာ ဗလဗျစ်နဲ့လူတွေက လိုရာဆွဲပြီးရေးထားတယ်။ ဒါကိုပြင်ဖို့ ပြင်ပြီး အကောင်အထည်ဖော်ဖို့ကြတော့ ၀န်လေးနေကြတယ်။ လက်ပံတောင်း မှာ သံဃာတွေကို မီးလောင်ဗုံးတွေနဲ့ပစ်တယ်။ ဒါဟာသိပ်စော်ကား ရာရောက်နေပြီ။ ဘုန်းကြီးမေးချင်တာက စော်ကားဖို့ပဲတတ်သလား။ တာဝန်ယူဖို့ကြတော့ ဘာလို့ဝေ့လည်ကြောင်ပတ်လုပ်နေရတာလည်း။ ဒါကြောင့် ဘုန်းကြီးတို့အနေနဲ့ ဒီလိုစော်ကားခံရရင် မြတ်စွာဘုရား က အတိအလင်းမိန့်တယ်။ ချစ်သားတို့ ဒီကောင်တွေကို မဆက်ဆံနဲ့၊ သူတို့ကို စကားမပြောနဲ့၊ သူတို့လှူတာလက်မခံနဲ့၊ ဒါကိုခေတ်စကားနဲ့ ပြောရရင် ချစ်သားတို့ သူတို့သိအောင်ဆန္ဒပြလိုက်ပါလို့ပြောတယ်””ဟု စင်ထရယ်ဟိုတယ်၌ ပြုလုပ်သော မသန်စွမ်းကလေးငယ် အဓမ္မပြုကျင့်ခံ ရခြင်းသတင်းစာရှင်းလင်းပွဲ၌ မိန့်ကြားသွားခဲ့သည်။
ဆရာတော်မှ ဆက်လက်မိန့်ကြားရာ၌ ဆန္ဒပြခိုင်းသည်ဟုဆိုခြင်း မှာ သဗ္ဗညုတညဏ်တော်ရှင်ဘုရားရှင် ခေတ်ကာလမှ တောင်းဆိုလာ ပါက ပတ္ထနိရစ္ဆရကံဆောင်ရန် အတိအလင်းအမိန့်ရှိထားခြင်းဖြစ် ကြောင်းသိရသည်။


ခန့်ခန့် (ဒဿနိက)

No comments:

Post a Comment